BEC-TERO TV

တောတွင်းတစ်နေရာ မြွှေမြိုခံနေရသော ခွေးမိသားစုကို ကယ်တင်နိုင်ခဲ့တဲ့လူတစ်ဦး(ရုပ်သံ)

13 May 2019     26,693 Views


ကမ္ဘောဒီးယားနိုင်ငံ တောတွင်းတစ်နေရာမှာ ကျက်စားနေထိုင်တဲ့ မြွေပွေးတစ်ကောင်ဟာ ခွေးမိသားစုကို သူ့ရဲ့ အစာအဖြစ် ပစ်မှတ်ချိန်ထားခဲ့ပါတယ်။ ခွေးလေး သုံးကောင် သစ်ပင်အောက် ဆော့ကစားနေစဉ် မြွေပွေးရောက်ရှိလာပြီး သုံးကောင်ထဲက တစ်ကောင်ကို အစာအဖြစ်ဝါးမြိုဖို့ ရစ်ပတ်ခဲ့ပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

ကျန်တဲ့ ခွေးလေးတွေက ရစ်ပတ်ခံနေရတဲ့ ခွေးလေးဘာဖြစ်နေသလဲဆိုတာ မသိပဲ ဒီအတိုင်း ကြောင်ကြည့်နေခဲ့ပါတယ်။ ထိုစဉ် တောထဲကို လမ်းလျှောက်လာတဲ့ လူတစ်ဦးက ဆူညံနေတဲ့ ခွေးအော်သံတွေ ကြားရတာကြောင့် သွားကြည့်မိရာ ခွေးပေါက်စလေးတစ်ကောင်ကို မြွေပွေးရစ်ပတ်ခံထားရတာကို တွေ့မြင်သွားပြီး အနီးမှာရှိတဲ့တုတ်နဲ့ မြွေကို မောင်းထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ သူရောက်လာတဲ့ အချိန်မှာ ခွေးလေးဟာ မြွေရဲ့ရစ်ပတ်ခြင်းခံနေရလို့ လျှာထွက်နေပြီး သေလုမျောပါးဖြစ်နေပါပြီ။ သို့ပေမဲ့ ထိုလူဟာ အလျော့မပေးပဲ တုတ်နဲ့ မြွေကြီးကို မောင်းထုတ်ကာ ခွေးလေးကို ကယ်တင်နိုင်ခဲ့ပါတယ်။

မြွေပွေး အဝေးကို ရောက်သွားတဲ့အခါမှာတော့ ခွေးလေးသုံးကောင်ကို သူ့နေရာသူပြန်ထားပြီး စိတ်ချရပြီဆိုမှာ ပြန်ထွက်သွားခဲ့ပါတယ်။ သတ္တဝါတို့မှာလဲ အင်အားကြီးတဲ့သူက အင်အားနည်းတဲ့ သူကို အနိုင်ယူစမြဲမို့ အင်အားနည်းတဲ့ ခွေးပေါက်စလေးတွေကို ကယ်တင်လိုက်တဲ့ အဆိုပါ လူပုဂ္ဂိုလ်ဟာ လေးစားထိုက်ပါတယ်။ အင်အားနည်းတဲ့သူဘက်က ရပ်တည်ပေးတာဟာ ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပြီး ခွေးလေးတွေလဲ သူ့ကြောင့် အသက်အန္တရာယ် ကနေ လွတ်မြောက်ခဲ့ရတာပါ။

ကမ္ဘောဒီးယားတောတွင်း တစ်နေရာမှာ လူပုဂ္ဂိုလ်တစ်ဦး ခွေးပေါက်စလေးကို မြွေးပွေးလက်ကနေ ဘယ်လိုကယ်ထုတ်လိုက်သလဲဆိုတာ ကြည့်ရှုခံစားကြည့်လိုက်ပါဦး ပရိတ်သတ်ကြီးရေ။

(ပိုပိုလေး)


13 May 2019     26,693 Views




RELATED

Most Popular of Special or Others

Most Popular of NEWS