BEC-TERO TV

သူများနိုင်ငံက ကလေးတွေ ဘာကြောင့် ကျန်းမာပြီး ဉာဏ်ထက်မြက်တာလဲ

13 May 2019     16,826 Views


လေ့လာဆန်းစစ်ချက်တွေအရ ဂျပန်နိုင်ငံက ကျောင်းသား ကလေးတွေဟာ ကမ္ဘာပေါ်မှာ ကျန်းမာရေးအကောင်းဆုံး အဖြစ် တွေ့ရှိထားပါတယ်။ ဒါ့အပြင် အာရှနိုင်ငံတွေက ကလေးတွေဟာ အနောက်နိုင်ငံက ကလေးတွေထက် ပိုပြီးကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်ကြတယ်လို့ ဖော်ပြထားပါတယ်။
 
>>Read More ကို နှိပ်ပြီးဖတ်ရှုပါ<<
 
အခုလို ကလေးတွေ ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ထက်မြက်ရတဲ့ အကြောင်းကတော့ စာသင်ကျောင်းမှာရော အိမ်မှာရှိတဲ့ မိဘတွေကပါ ကောင်းမွန်တဲ့ အလေ့အကျင့်တွေနဲ့ ပြုစုပျိုးထောင်တာကြောင့်ဖြစ်ပါတယ်။ 
သူတို့လေ့ကျင့်ပျိုးထောင်ပေးတဲ့ နည်းလမ်းအချို့ဟာ ရယ်စရာဖြစ်ကောင်း ဖြစ်နေပေမယ့် လက်တွေ့တစ်ကယ်အကျိုးများပါတယ်။
 
၁။ စာကို အနီးကပ်မဖတ်ရန် လေ့ကျင့်ပေးခြင်း
 
 
တရုတ်နိုင်ငံရဲ့ စတိတ်ကျောင်း စာသင်ခန်းအများစုမှာ ကလေးတွေရဲ့ မျက်လုံး မထိခိုက်အောင် စာကို သင့်တော်တဲ့ အကွာအဝေးကနေ ဖတ်တတ်အောင် လေ့ကျင့်ပေးတဲ့အနေနဲ့ စတီးဘာတန်းတွေကို စာသင်ခုံတွေမှာ တပ်ဆင်ထားပါတယ်။
ပုံတွေကို ကြည့်ရင် ရီချင်စရာကောင်းပေမယ့် ဒီနည်းဟာ တစ်ကယ်အလုပ်ဖြစ်ပြီး ကလေးတွေရဲ့ ကိုယ်နေဟန်ထား မတ်မတ်ထိုင်တတ်အောင်ပါ ဘားတန်းတွေက အထောက်အကူပြုပါတယ်။
 
 
၂။ မျက်လုံးလေ့ကျင့်ခန်း ပြုလုပ်ရခြင်း
 
 
တရုတ်ပြည်မကြီးမှာရှိတဲ့ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းတွေမှာ မျက်လုံးကျန်းမာရေးအတွက် လေ့ကျင့်ခန်းကိုပါ ထည့်သွင်းသင်ကြားပေးပါတယ်။ ဒီသင်ခန်းစာမှာ လေ့ကျင့်ပုံလေ့ကျင့်နည်း ၆ မျိုးပါရှိပြီး တစ်ရက်ကို နှစ်ကြိမ် မှန်မှန်လေ့ကျင့်ခန်း ပြုလုပ်ကြရပါတယ်။
 
 
၃။ စာမေးပွဲကို ပြင်ပမှာ စစ်ဆေးခြင်း
 
 
တရုတ်မှာ အတန်းစာမေးပွဲများကို ကျောင်းရဲ့ ပြင်ပမှာ စစ်ဆေးတဲ့ အလေ့အကျင့်ကို ကျင့်သုံးလာတာ နှစ်အတော်ကြာခဲ့ပြီဖြစ်ပါတယ်။ အခုလို ပြင်ပမှာ စာမေးပွဲဖြေခိုင်းတဲ့ အကျိုးရလာဒ်ကတော့ ခုံတွေကို ကြိုက်သလောက် နေရာ ကျဲကျဲနေရာချနိုင်တာကြောင့် စာခိုးချတာကို တားဆီးပြီးသားဖြစ်သလို ကျောင်းသားတွေလည်း လေကောင်းလေသန့်နဲ့ သဘာဝပတ်ဝန်းကျင်အောက်မှာ စာမေးပွဲဖြေရခို့ စိတ်ဖိစိမှု လျော့ကျစေပါတယ်။ ဒါ့အပြင် အခြားမမြင်နိုင်တဲ့ ကောင်းကျိုးတွေကိုလည်း ရရှိစေပါတယ်။
 
 
၎။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာအစာများကျွေးခြင်း
 
 
ဂျပန်နိုင်ငံက ကျောင်းတွေမှာ ကလေးတွေကို နေ့လည်စာကျွေးတဲ့ စနစ်ကို ဒုတိယကမ္ဘာစစ်ပြီးကတည်းက ကျင့်သုံးလာခဲ့ကြပါတယ်။ သူတို့ကျွေးတဲ့ အစားအသောက်တွေက ကလေးတွေအတွက် အန္တရာယ်ရှိတဲ့ အသင့်စား သွားရေစာတွေ မပါပဲ ကျန်းမာရေးနဲ့ ညီညွတ် အချိုးမျှတတဲ့ အစားသောက်ကို စီစဉ်ထားပါတယ်။ အများအားဖြင့် ထမင်း၊ အသီးအရွက်၊ မီဆိုဟင်းရည်၊ ငါး သို့မဟုတ် အသား တို့ကို မျှတအောင် ထည့်ထားပြီး ဒေသထွက် အစားအစာတွေကို အဓိကပြင်ဆင်ကျွေးမွေးပါတယ်။
 
 
၅။ အွန်လိုင်းကနေ စာသင်ပေးခြင်း
 
 
ရာသီဥတု ဆိုးရွားတဲ့ ရက်တွေမှာ ကလေးတွေ ကျောင်းကိုလာရင် အန္တရာယ်ရှိတဲ့အတွက် အချို့သော ကျောင်းဆရာတွေက အွန်လိုင်းကနေ တိုက်ရိုက် LIVE ထုတ်လွှင့်ပြီး သင်ခန်းစာတွေကို ပို့ချပေးပါတယ်။ ဒီအစီစဉ်ဟာ ကျောင်းမလာနိုင်တဲ့ ကလေးတွေသာမက ကျောင်းနဲ့အလှမ်းဝေးတဲ့ နေရာက ကလေးတွေအနေနဲ့ စာသင်ဖို့ အခွင့်အရေး ရရှိနိုင်ပါတယ်။
 
 
၆။ ကျောင်းကို လမ်းလျှောက်သွားစေခြင်း
 
 
အာရှနိုင်ငံတွေက ကလေးအများစုဟာ ကျောင်းကားစီးတာထက် ကျောင်းကို လမ်းလျှောက်ပြီး သွားကြတာများပါတယ်။ ဒါကြောင့် ကလေးတွေဟာ နေ့စဉ်လမ်းလျှောက်ဖြစ်ပြီး ကိုယ်လက်လှုပ်ရှားမှုလည်း ရှိတဲ့အတွက် သွက်လက်ဖျတ်လပ်ပြီး ဉာဏ်ရည်မြင့်မားကြတာဖြစ်ပါတယ်။
 
 
၇။ တာဝန်ယူတတ်တဲ့စိတ် မွေးပေးခြင်း
 
 
ကလေးတွေကို တာဝန်ယူတတ်တဲ့ စိတ်ကို မွေးပေးတဲ့နေရာမှာ ဂျပန်နိုင်ငံက ထိပ်တန်းဖြစ်ပါတယ်။ အချို့အာရှနိုင်ငံတွေမှာ ကလေးတွေကို မခိုင်းတတ်တဲ့ အလုပ်မျိုးတွေ ဂျပန်မှာ လုပ်ခိုင်းလေ့ရှိပါတယ်။ ကျောင်းကို မိဘအကူညီမပါပဲ ကိုယ်တိုင်လာစေခြင်း၊ ကျောင်းတွင်း ကျောင်းပြင်သန့်ရှင်းရေးကို အခါအားလျှော်စွာ အသင့်အဖွဲ့နဲ့ ဝိုင်းဝန်းလုပ်စေခြင်း စတဲ့ တာဝန်တွေကို ပေးလေ့ရှိပြီး ကလေးတွေရဲ့ ကိုယ်ကိုယ်ကိုယ် ယုံကြည်စိတ်နဲ့ တာဝန်ယူတတ်တဲ့စိတ်ကို စနစ်တကျ ဖြည်းဖြည်းခြင်း တည်ဆောက်ပေးတာဖြစ်ပါတယ်။
 
လက်ရှိမြန်မာနိုင်ငံမှာတော့ ကလေးတွေကို ထိန်းကျောင်းတဲ့ပုံစံက လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က ထိန်းကျောင်းပုံနဲ့ ကွာခြားနေပါပြီ။ အရင်က ကလေးတွေဟာ မိဘတွေနဲ့ အိမ်အလုပ် ဝိုင်းကူကြရပါတယ်။ အဲဒီအတွက် တာဝန်သိစိတ်ဖြစ်ပေါ်လာသလို မိဘအပေါ် စာနာနားလည်စိတ်လည်း ဖြစ်လာပါတယ်။
ကျောင်းကိုလည်း သက်ဆိုင်ရာမြို့နယ်အလိုက် အနီးနားမှာပဲ ထားကြတဲ့အတွက် ကျောင်းကို ကိုယ်တိုင်(သို့) အပေါင်းအသင်းတွေနဲ့ အတူတူ လမ်းလျှောက်သွားကြရပါတယ်။
 
ယနေ့ခေတ်မှာတော့ မိဘတွေကိုယ်တိုင်က ကလေးတွေကို ပညာရေးတစ်ခုထဲ ဇောင်းပေးပြီး ကျောင်းပြီးရင် ကျူရှင်၊ ကျူရှင်ပြီးရင်သင်တန်း တစ်ခုပြီးတစ်ခု သူများနောက်ကျန်ခဲ့မှာ စိုးတဲ့အတွက် ပညာရေးက လွဲပြီး အခြားအရာတွေကို သင်ကြားလေ့ကျင့်ပေးဖို့ ပျက်ကွက်နေပါတယ်။ 
 
ဒါကြောင့်မို့ ကလေးအများစုဟာ မိဘအပေါ်လည်း မသိတတ်၊ တာဝန်ယူတတ်တဲ့စိတ်လည်း မသိကြပဲ စာတော်ရင်ပြီးရော ဆိုတဲ့ စိတ်တွေနဲ့ အပြိုင်အဆိုင်ကြိုးစားနေတာတွေသာ များပါတယ်။ 
 
သားသမီးစာတော်ရင် ပြီးရောဆိုတဲ့ မိဘတွေကလည်း သားသမီးတွေရဲ့ စိတ်တိုင်းကျသာ အလိုလိုက် ကျွေးမွေးနေတဲ့အတွက် ကလေးတွေရဲ့ စားသောက်နေထိုင်မှုတွေ ကျန်းမာရေးနဲ့ ညီညွတ်မှု နည်းလာတာကို တွေ့ရပါတယ်။
ဘက်စုံတော်ဖို့ဆိုရင် မိဘတွေအနေနဲ့  ကလေးတွေရဲ့ ပညာရေးတစ်ခုထဲကိုသာ အားစိုက်မနေကြပဲ တာဝန်ယူတတ်တဲ့စိတ်နဲ့ ဘဝအတွက် အရေးပါတဲ့ အခြားသော အလေ့ကျင့်ကောင်းတွေကို သင်ကြားလေ့ကျင့်ပေးကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

13 May 2019     16,826 Views




RELATED

Most Popular of Special or Others

Most Popular of Kids & Family