BEC-TERO TV

ကလေးချင်းရန်ဖြစ်တာကို ဖခင်ဖြစ်သူက ဓါးနဲ့ထိုးသတ်

13 May 2019     5,550 Views


တရုတ်နိုင်ငံ ရှင်ကျိုပြည်နယ်ရှိ မူလတန်းကျောင်း တစ်ကျောင်းတွင် အသက် ၁၀ နှစ်အရွယ် ကျောင်းသားလေးတစ်ဦးကို ဓါးနဲ့ထိုးသတ်ခဲ့မှုဖြင့် အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦး ဖမ်းဆီးထိမ်းသိမ်းခြင်း ခံထားရသည်။
 
မေလ ၁၁ ရက်နေ့ စနေနေ့က ရှန်ရို အမှတ် ၅ မူလတန်းကျောင်းမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုအရ “ဝမ်” ဟူသော အမျိုးသားဟာ သူ့ရဲ့ သမီးဖြစ်သူ ကျောင်းမှာ အတန်းဖော် ယောက်ျားလေးနဲ့ ရန်ဖြစ်စကားများခဲ့ကြတာကို သိရှိခဲ့ပြီးနောက် ကျောင်းသားလေးကို တုံ့ပြန်ရန် ရည်ရွယ်ချက်နဲ့ ကျောင်းကို ရောက်လာခဲ့တာဖြစ်ပါတယ်။
 
အဲဒီနောက် အသက် ၁၀ နှစ်အရွယ် “လွီ” ဟူသော ကျောင်းသားလေးကို ဓါးနဲ့ထိုးခဲ့ပါတယ်။ ကလေးကို ကယ်တင်ဖို့ အရေးပေါ် ဆေးရုံပို့ခဲ့ပေမယ့် အသက်မမီတော့ပဲ သေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို ရဲတွေက စုံစမ်းစစ်ဆေးနေပြီး ကျောင်းအုပ်ဆရာကြီးကိုတော့ တာဝန်မှ ခေတ္တရပ်ဆိုင်းထားပါတယ်။
 
အခင်းဖြစ်ပွားခဲ့တဲ့ ကျောင်းခန်းကို ယာယီပိတ်ထားပြီး ကျောင်းသားနဲ့ ဆရာများကို စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ရဲအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ လတ်တလောမှာတော့ ဒီသတင်းဟာ တရုတ်လူမှုကွန်ယက်ပေါ်မှာ စိတ်ဝင်စားမှု အလွန်မြင့်တက်နေတဲ့ သတင်းဖြစ်နေပါတယ်။
 
သတင်း - SCMP
 

13 May 2019     5,550 Views




RELATED

Most Popular of Special or Others

Most Popular of NEWS