BEC-TERO TV

ဆော့ကစားရင်း ဟိုတယ် (၁၂)လွှာမှ ၅ နှစ်သားလေးပြုတ်ကျ (ရုပ်သံ)

13 May 2019     1,365 Views


ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်၊ ဘမ်လမောင်စီရင်စုရှိ ဟိုတယ်တစ်ခု၏ ဝရံတာမှ အသက် (၅)နှစ်အရွယ် ကလေးတစ်ယောက် ပြုတ်ကျခဲ့မှုတစ်ခု မေလ ၁၂ ရက်နေ့ နံနက်စောစောပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
 
ကလေးဟာ ဖခင်ဖြစ်သူ ရဲအရာရှိ(စီဆာခက်စီရင်စု)နဲ့အတူ ပတ်ထရားကို အတူလိုက်လာခဲ့ပြီး ဟိုတယ် ၁၂ လွှာမှာရှိတဲ့ အခန်းမှာ တည်းခိုနေထိုင်ခဲ့တာဖြစ်ပါတယ်။ ကလေးပြုတ်ကျခဲ့တဲ့အချိန်မှာ ဖခင်က အခန်းထဲမှာ အိပ်ပျော်နေပြီး ကလေးပြုတ်ကျသွားတာကို မသိလိုက်ပါဘူး။
 
>>Read More ကို နှိပ်ပြီးဖတ်ရှုပါ<<
 
စီစီတီဗီရုပ်သံအရ ကလေးဟာ အခန်းထဲကနေ ထွက်လာပြီး လျှောက်လမ်းမှာ ပြေးဆော့ကစားနေခဲ့ပါတယ်၊ အဲဒီနောက် အခန်းကိုပြန်သွားပြီး တံခါးဖွင့်ဖို့ ကြိုးစားပေမယ့် တံခါးက လော့ခ်ကျပြီး အခန်းထဲ ပြန်ဝင်လို့ မရတော့ပါဘူး။ 
အဲဒီနောက် ဘာစိတ်ကူး ပေါက်သွားသည်မသိပဲ လျှောက်လမ်း ဝရန်တာပေါ် တွယ်တက်ကာ အခြားတစ်ဖက်ကို တွဲလောင်းချပြီး ခိုနေတာ တွေ့ခဲ့ရပါတယ်၊ အဲဒီနောက် မခိုနိုင်တော့ပဲ အောက်ကို ပြုတ်ကျသွားခဲ့ပါတယ်။ ကလေးဟာ ခြေကျိုး လက်ကျိုးဒဏ်ရာများနဲ့အတူ ခန္ဓာကိုယ်အနှံ့ ထိခိုက်ဒဏ်ရာများရခဲ့ပါတယ်။
 
 
ဖြစ်စဉ်ကြောင့် ပတ်ထရား ရဲအဖွဲ့ဟာ အဆိုပါနေ့ နံနက် ၅ နာရီအချိန်မှာ ရောက်ရှိလာခဲ့ပါတယ်။ ကလေးဟာ ပြင်းထန်စွာဒဏ်ရာရခဲ့တာကြောင့် ဘန်ကောက်ပတ်ထရား ဆေးရုံကြီးကို အရေးပေါ် ပို့ဆောင်ခဲ့ရပါတယ်။ ကလေးရဲ့အခြေအနေဟာ စိုးရိမ်ရတဲ့ အခြေအနေရှိကြောင်း သိရှိရပါတယ်။
 
ကလေးရဲ့ဖခင်ဖြစ်သူ ရဲအရာရှိက စီစီတီဗီရုပ်သံကို မြင်တွေ့ပြီးနောက်မှာတော့ ဘယ်သူကိုမှ အပြစ်တင်မရတော့ပဲ ကလေးထွက်သွားတာကို မသိလိုက်တဲ့ ကိုယ်ကိုယ်ကိုယ်ပဲ အပြစ်တင်ရတော့မှာ ဖြစ်ပါတယ်။
 

13 May 2019     1,365 Views




RELATED

Most Popular of International News

Most Popular of NEWS