BEC-TERO TV

ကန်တီနဲ့ တွဲဖက်ကစားချင်ဆုံး ဖြစ်ပြီး လာမည့်ရာသီမှာ ချလ်ဆီးအသင်းနှင့် ပူပေါင်းမည့် ပူလီဆစ်

14 May 2019     1,325 Views


ခရစ်ဆင် ပူလီဆစ်ဟာ ရာသီကုန်ရင် ဒေါမွန်အသင်းမှ ချလ်ဆီးအသင်းဆီကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ပူလီဆစ်က လာမည့် ရာသီမှာ ချလ်ဆီးအသင်းနဲ့ ပူပေါင်းသွားမှာဖြစ်ပြီး ချလ်ဆီးကစားသမားတွေနဲ့ တွဲဖက်ကစားဖို့ စိတ်လှုပ်ရှားနေတယ် လို့ ပြောပါတယ်။

 “ချလ်ဆီးအသင်းမှာ တစ်ကယ်ထူးချွန်တဲ့ ကစားသမားကောင်းတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် ကွင်းလယ်ကစားသမား နိုင်ဂိုလို ကန်တီနဲ့ တွဲဖက်ကစားချင်ဆုံးဖြစ်ပြီး ရူဒီဂါ ၊ ဒေဗစ် လူးဝစ် တို့နဲ့ တွေ့ ဆုံရမှာ မို့ ဝမ်းသာမိတယ်။ အင်္ဂလန်ကို ရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် အင်္ဂလိပ်စကားကို ပြောရတော့မှာပါ ။ ပရီးမီးယားလိဂ်မှာ ကစားရဖို့ဟာ ကျွန်တော့ အိမ်မက်ဖြစ်ပြီး ချလ်ဆီးအသင်းမှာ ကစားရဖို့ မစောင့်နိုင်တော့ပါဘူး Chelsea Sports  နဲ့တွေ့ ဆုံခန်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။”

အသက် ၂၀ အရွယ် အမေရိကန်ကစားသမားလေး ပူလီဆစ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွေ့ ကမှ ပေါင် ၅၈ သန်းနဲ့ ဒေါ့မွန်အသင်းဆီက ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

ပူလီဆစ်က မကြာခင် မှာ ချယ်လ်ဆီး အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းထွက်နေတဲ့ အီဒင် ဟာဇက် ကို အင်တာဗျူး မှာ ချန်လှပ်ထားခဲ့တာကြောင့် ဟာဇတ် ရဲ့ သတင်း တွေက သေချာသလောက် ရှိနေပြီ လည်း ဖြစ်ပါတယ်။


14 May 2019     1,325 Views




RELATED

Most Popular of Football

Most Popular of Sport