BEC-TERO TV

ဝက်တုပ်ကွေးပျံ့နှံ့မှုကြောင့် ဝက်ကောင်ရေ ၁.၂ သန်း ဗီယက်နမ်သုတ်သင်

14 May 2019     1,353 Views


ဗီယက်နမ်နိုင်ငံတွင် အာဖရိကဝက်တုပ်ကွေးရောဂါပျံ့နှံ့နေပြီးကို နိုင်ငံတစ်ဝှမ်းလုံးရှိ ဝက်မွေးမြူရေးခြံများမှ ဝက်ကောင်ရေ ၁.၂ သန်းကျော် ရောဂါကူးစက်ခံနေရကြောင်း မေလ ၁၃ ရက်နေ့က အစိုးရက ထုတ်ဖော်ပြောဆိုလိုက်သည်။
 
>>Read More ကိုနှိပ်ပါ<<
 
စင်ကာပူသတင်းစာ စထရိတ်တိုင်းမ်၏ အဆိုအရ အရှေ့တောင်အာရှနိုင်ငံများ၏ ဝက်သားစားသုံးမှုမှာ ဒေသတွင်းမွေးမြူရေးခြံများမှ မွေးမြူသည့်ပမာဏရဲ့ လေးပုံသုံပုံခန့်  မြင့်တက်လာကြောင်း သိရှိရပါတယ်။
 
ဝက်တုပ်ကွေးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ဗီယက်နမ်နိုင်ငံမှာ ပျံ့နှံ့ကြောင်း သိရှိခဲ့ပြီး ၄ လကျော်ကြာတဲ့ထိ ဆက်လက်ပျံ့ပွားနေဆဲဖြစ်ပါတယ်။ နိုင်ငံရဲ့ ပြည်နယ် ၂၉ ခုက မွေးမြူရေးခြံတွေ ကူးစက်ခံနေရပါတယ်။ ဒီမွေးမြူရေးခြံတွေထဲမှာ ဟိုချီမင်းမြို့ကို ၄၀% လောက် တင်ပို့နေတဲ့ ဒွန်နိုင်း ပြည်နယ်လည်း ပါဝင်ပါတယ်။
 
ရောဂါကူးစက်ခံနေရတဲ့ ဝက်ကောင်ရေ ၁.၂ သန်းကျော်ကို သုတ်သင်ရှင်းလင်းခဲ့ပြီးဖြစ်ပေမယ့် နောက်ထပ်ပြည်နယ်တွေမှာ ရောဂါပိုးကူးစက်ခံရမှု ရှိ/မရှိဆိုတာကို စစ်ဆေးဖို့ ငွေကြေးအထောက်အပံ့ လိုအပ်နေပါတယ်။ ဒါ့အပြင် ရောဂါကူးစက်ခံ ဝက်တွေကို သုတ်သင်ရှင်းလင်းရာမှာလည်း မြေမြုတ်စရာနေရာအလုံလောက်မရှိတဲ့အတွက် သေသေချာချာ မလုပ်ကိုင်နိုင်ဘူးလို့ ဆိုပါတယ်။
 
 
ဝက်တုပ်ကွေးကို ဗီယက်နမ်က သေသေချာချာ မထိန်းချုပ်နိုင်တဲ့အတွက် တရုပ်နိုင်ငံကို ပျံ့ပွားခဲ့တယ်လို့ စင်ကာပူ အစားအသောက်စိစစ်ရေး အေဂျင်စီက ဆိုပါတယ်။ လက်ရှိမှာတော့ ဗီယက်နမ်နိုင်ငံက စင်ကာပူကို ဝက်တင်ပို့မှု ပိတ်ပင်ထားကြောင်း သိရှိရသည်။
 
ဝက်တုပ်ကွေးဟာ လူကို မကူးစက်နိုင်ပေမယ့် ဝက်အရှင် ဒါမှမဟုတ် အသေတွေကနေ ဆက်လက်ပျံ့ပွားနိုင်ပါတယ်။ ဒီရောဂါအတွက် ဆေးမရှိသေးတာကြောင့် ဖြစ်လာရင် သုတ်သင်ပစ်ရတဲ့ နည်းလမ်းနဲ့ပဲ ဖြေရှင်းနေရပါတယ်။
တရုတ်နိုင်ငံမှာ ဝက်တုပ်ကွေးရောဂါ တွေ့ရှိကြောင်း သတင်းပို့မှုတွေရှိလာပြီး အဲဒီကနေတစ်ဆင့် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မွန်ဂိုလီယား နဲ့ ကမ္ဘောဒီးယားတို့ကိုပါ ကူးစက်ပျံ့နှံ့ဖွယ်ရှိပြီး ဗီယက်နမ်အနေနဲ့ ရောဂါပိုး မပျံ့အောင် ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
 

14 May 2019     1,353 Views




RELATED

Most Popular of International News

Most Popular of NEWS