BEC-TERO TV

အိမ်အလည်သွားသူ မမျှော်လင့်ပဲ ငယ်ထိပ်ကို မြွေကိုက်ခံရ (ရုပ်သံ)

14 May 2019     1,389 Views


သူငယ်ချင်းရဲ့ အိမ်ကို အလည်လာတဲ့ အမျိုးသားတစ်ယောက်ဟာ အိမ်ရှေ့တံခါးမကြီး ဖွင့်ဖွင့်ချင်း ငယ်ထိတ်ကို မြွေပေါက်ခံခဲ့ရပါတယ်။ ထိတ်လန့်စရာကောင်းတဲ့ ဖြစ်စဉ်အစဆုံးကို အိမ်ရဲ့ လူခေါ်ခေါင်းလောင်းမှာ တပ်ဆင်ထားတဲ့ ကင်မရာကနေ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ 
 
မေလ ၅ ရက် တနင်္ဂနွေနေ့က အိုကလာဟိုးမားပြည်နယ် လော်တန်မြို့မှာ ဖြစ်ပွားခဲ့တာပါ။ Jerel Heywood ဆိုတဲ့ အမျိုးသားက သူငယ်ချင်းဖြစ်သူ Rodney Copeland ရဲ့ အိမ်ကို လာလည်ခဲ့ပါတယ်။ အဲဒီအချိန်မှာ မြွေက အိမ်ရှေ့မီးတိုင်မှာ ရစ်ခွေနေတာကို သတိမထားမိခဲ့ပါဘူး။
 
>>Read More ကိုနှိပ်ပါ<<
 
Heywood က အိမ်ရှေ့တံခါးမကြီးကို ဆွဲဖွင့်လိုက်ချိန်မှာ မြွေက သူရဲ့ငယ်ထိပ်ကို လှမ်းပေါက်လိုက်တာ ရုပ်သံမှာ တွေ့လိုက်ရပါတယ်။ မြွေကိုက်ခံရပြီးဆိုတာ သိလိုက်ပြီးတဲ့နောက်မှာ သူငယ်ချင်းဖြစ်သူက သူ့ကို ဆေးရုံပို့ပေးခဲ့ပါတယ်။
 
ကံကောင်းထောက်မစွာနဲ့ပဲ မြွေကအဆိပ်မရှိတဲ့မြွေဖြစ်နေတာကြောင့် သန့်ရှင်းရေးနဲ့ ကာကွယ်ဆေးပဲ ထိုးခဲ့ရပါတယ်။ သူ့ကိုကိုက်တဲ့ မြွေကတော့ အိမ်ရှင်မဖြစ်သူရဲ့ အော်သံကြောင့် ကူညီဖို့ရောက်လာတဲ့ အိမ်နီးချင်းတွေရဲ့ လက်ချက်နဲ့ ရှင်းပစ်ခံလိုက်ရပါတယ်။
 
 
အိမ်ရှင်ဖြစ်တဲ့ Copeland က သူ့အိမ်မှာ မြွေတွေ့တာ ဒီတစ်ကြိမ် ပထမဦးဆုံးဖြစ်ပြီး ၅ ပေ ၅လက္မလောက်ရှိတဲ့ မြွေကြီးက ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကြီးတာနဲ့အတူ ပါလာဟန်တူတယ်လို့ဆိုပါတယ်။ မြွေတွေမလာအောင် ခြံထဲမှာ ဆာလဖြူရစ်အက်ဆစ်ဆေး ဖြန်းရဦးမယ်လို့  ပြောပါတယ်။
 

14 May 2019     1,389 Views




RELATED

Most Popular of Special or Others

Most Popular of NEWS