BEC-TERO TV

ဗုဒ္ဓမွေးနေ့ပွဲ တက်ရောက်လာတဲ့ ကင်မ်ဝူဘင်ရဲ့ ကိုးကွယ်ယုံကြည်မှုအကြောင်းပြောပြလိုက်တဲ့ အေဂျင်စီ

15 May 2019     1,294 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် မင်းသားတစ်လက်ဖြစ်တဲ့ ကင်မ်ဝူဘင်ဟာ ကင်ဆာရောဂါဝေဒနာခံစားနေရတာကြောင့် သရုပ်ဆောင်အလုပ်မှ ခေတ္တအနားယူပြီး ဆေးကုသမှုခံယူနေရတာပဲဖြစ်ပါတယ်။ ကင်မ်တစ်ယောက် ဆေးကုသမှုခံယူနေတာ သုံးနှစ်တိုင်တိုင်ရှိခဲ့ပြီမို့ သူ့ကျန်းမာရေးအခြေအနေကိုပရိတ်သတ်တွေကလဲ သိချင်နေကြပါပြီ။ ပြီးခဲ့တဲ့ ရက်မှာ ဝူဘင်တစ်ယောက် ညီအစ်ကို ခင်မင်ရတဲ့ ဂျိုအင်ဆောင်းနဲ့အတူ ဗုဒ္ဓမွေးနေ့ဆုတောင်းပွဲကို တက်ရောက်လာခဲ့ပါတယ်။ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး သတင်းမီဒီယာတွေက ကင်မ်ဝူဘင်တစ်ယောက် ဗုဒ္ဓဘာသာ ဟုတ်မဟုတ် အတည်ပြုလိုတဲ့အတွက် အင်တာဗျူးပြုလုပ်ရန် ၎င်းအေဂျင်စီကို ဖုန်းဆက်မေးမြန်းခဲ့ကြပါတယ်။ ကင်မ်ဝူဘင်ရဲ့ အေဂျင်စီ Sidus HQ က ဘယ်လိုတုံ့ပြန်လိုက်သလဲဆိုတာ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

“ကင်မ်ဝူဘင် တစ်ယောက် ဘာသာရေးပွဲတစ်ခုကို တက်ရောက်ခဲ့တယ်ဆိုတာ ရုပ်သံမှာလွှင့်ပြီးမှ ကျွန်တော်တို့ သိရှိရတာဖြစ်ပါတယ်။ ဘာသာရေးဆိုတာ သူ့ personal ကိစ္စဖြစ်ပြီး အရင်တုန်းကလဲ သူ ခရစ်ယာန်ဘုရားကျောင်းတက်သလား၊ ဗုဒ္ဓဘာသာပဲ ကိုးကွယ်သလားဆိုတာ ကျွန်တော်တို့မသိခဲ့ပါဘူး။ ကျွန်တော်တို့ အထင်ပြောရရင် ဝူဘင်းဟာ ဗုဒ္ဓမွေးနေ့ပွဲကို သူခင်မင်ရတဲ့ ဂျိုအင်ဆောင်းက ခေါ်လို့ တက်ရောက်ဖြစ်သွားတယ်လို့ ထင်ပါတယ်။” လို့ ထုတ်ပြန်ပြောကြားလာပါတယ်။

တစ်ဖန် ကင်မ်ဝူဘင်းရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သတ်ပြီး “ကင်မ်ဝူဘင်ဟာ နောက်ပိုင်း ကျန်းမာရေး ပိုကောင်းလာပြီလို့ဆိုရမှာပါ။ သူ့ fan café မှာလဲ သူကိုယ်တိုင် ကြေငြာပြီးပါပြီ။ ဆေးကုသမှုခံယူတာ ပြီးဆုံးသွားပေမယ့် အရှင်းကြီး ပျောက်သေးတာ မဟုတ်လို့ စစ်ဆေးစရာလေးတွေ ကျန်ရှိနေပါသေးတယ်။

မကြာခင် ဇာတ်လမ်းအသစ် ရိုက်ဖို့ရှိတယ်ဆိုတာကတော့ ကောလဟာလတွေပါ။ ဒီနှစ်ပိုင်းတွေမှာ ကင်မ်ဝူဘင်တစ်ယောက် ပြန်လည်သရုပ်ဆောင်ဖို့ အစီအစဉ်မရှိသေးပါဘူး။ ကျွန်တော်တို့ ကုမ္ပဏီကလဲ ကင်မ်ဝူဘင်း အမြန်ဆုံး ကျန်းမာလာဖို့နဲ့ နေပြန်ကောင်းလာဖို့ကိုပဲ အာရုံစိုက်ထားပါတယ်” လို့ ပြောကြားထားပါတယ်။

ကင်မ်ဝူဘင်း တစ်ယောက် အမြန်ဆုံးနေကောင်းကျန်းမာလာပြီး ဇာတ်ကားတွေပြန်ရိုက်နိုင်ဖို့ ဆုတောင်းပေးလိုက်ကြရအောင်လား ပရိတ်သတ်ကြီးရေ။

(ပိုပိုလေး)

 


15 May 2019     1,294 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS