BEC-TERO TV

Arthdal Chronicles ပါဝင်သရုပ်ဆောင်ဖြစ်တဲ့ အဓိကအကြောင်းအရင်းကို ပြောပြလာတဲ့ ဆောင်ဂျွန်ကီ

15 May 2019     1,534 Views


တောင်ကိုးရီးယား နာမည်ကျော်သရုပ်ဆောင် ဆောင်ဂျွန်ကီဟာဆိုရင် Descendants of the sun ဇာတ်လမ်းတွဲနဲ့ မြန်မာပရိတ်သတ်ရင်ထဲ ထိုးဖောက်ဝင်ရောက်ခဲ့သူပဲဖြစ်ပါတယ်။ ဆောင်ဂျွန်ကီ ဟာ မကြာခင် tvN ကထုတ်လွှင့်ပြသမယ့်  Arthal Chronicles မှာ ဂျန်ဒေါင်ဂန်၊ ကင်မ်ဂျီဝန်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဆောင်ဂျွန်ကီတစ်ယောက် Arthdal Chronicles မှာပါဝင်ဖို့ ဘာကြောင့် ရွေးချယ်ခဲ့တယ်ဆိုတာ ဆက်လက်ဖတ်ရှုကြည့်လိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

ဆောင်ဂျွန်ကီဟာ Descendants of the sun မှာ အတူပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ဆောင်းဟယ်ကျိုနဲ့ လက်ထပ်ပြီးနောက်ပိုင်း ဇာတ်ကားတွေမရိုက်ဖြစ်တာ အချိန်တစ်ခုကြာခဲ့ပါပြီ။ သူရိုက်လိုက်တဲ့ ကားတိုင်း မပေါက်တဲ့ကားဆိုတာ မရှိသလောက်မို့ ဇာတ်ကားရွေးချယ်တဲ့နေရာမှာ အမြင်ရှိတဲ့ မင်းသားတစ်လက်ပါ။ အခု လက်ရှိ သူပါဝင် သရုပ်ဆောင်ထားတဲ့ Arthal Chronicles နဲ့ ပတ်သတ်ပြီး သူ့ခံစားချက်တွေကို ထုတ်ဖော်ပြောကြားလာပါတယ်။

“အရင်ဦးဆုံး ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာမက ကျွန်တော့်ကို ဇာတ်ညွှန်းလာပေးတော့ အရမ်းအံ့သြသွားတယ်။ ငယ်ငယ်တုန်းက ကြည့်ရတဲ့ ရောမ၊ ဂရိ ကားတွေလိုပဲ ဒီထဲက ကာရိုက်တာတွေကလဲ တစ်ယောက်ကို ပုံစံတစ်မျိုးစီနဲ့ အရမ်းပဲ စိတ်ဝင်စားစရာကောင်းပါတယ်” လို့ပြောကြားလာပါတယ်။

တစ်ဖန် သူသရုပ်ဆောင်ရမယ့်ကာရိုက်တာ Eun Seom ဟာ သဘာဝလွန်လူတစ်ယောက်ဖြစ်နေတဲ့အကြောင်းကို “ဒီထဲက Eun Seom ခံစားချက်ကို ကျွန်တော်နားလည်လာတယ်၊ သူ့ကိုယ်သူ လူတစ်ယောက်မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့အချိန် သူ့အဖေက ဘယ်သူလဲဆိုတာသိလိုက်ရတဲ့အချိန် ပြီးတော့ သူချစ်တဲ့သူတွေကို ကာကွယ်ပေးတဲ့ စိတ်ဓာတ်ဟာ အပြစ်ကင်းစင်လှတာကြောင့် လေးစားဖွယ်ကောင်းလှပါတယ်။” ဆိုပြီး ရှင်းပြသွားပါတယ်။

“Arthdal Chronicles မှာ လူအမျိုးမျိုး၊ ဘာသာစကားအမျိုးမျိုးပါဝင်ပြီး ပရိတ်သတ်ကြီးအတွက် အသစ်အဆန်းဖြစ်လို့နေမယ်လို့ ထင်ပါတယ်။ ရှေးဟောင်း လူတစ်စုကြားမှာဖြစ်ပွားသွားတဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ရိုက်ကူးပြသထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူတွေ ကျေနပ်အားရလိမ့်မယ် လို့လဲထင်မိပါတယ်။” ဆိုပြီးပြောကြားသွားပါတယ်။

ဂျန်ဒေါင်ဂန်၊ ဆောင်ဂျွန်ကီ နဲ့ ကင်မ်ဂျီဝန်တို့ ပါဝင်တဲ့ Arthdal Chronicles ကို tvN ရုပ်သံလိုင်းမှ လာမယ့် ဇွန်လ ၁ ရက်နေ့မှာ စတင်ပြသွားမှာဖြစ်ပါတယ်။

(ပိုပိုလေး)

 


15 May 2019     1,534 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS