BEC-TERO TV

၁၃ လွှာတိုက်ခန်းပေါ်ကနေ ပြုတ်ကျလုဆဲဆဲ (၅)နှစ်သား ကလေး (ရုပ်သံ)

15 May 2019     14,860 Views


အိမ်မှာ တစ်ယောက်ထဲကျန်ခဲ့တဲ့ အသက် ၅ နှစ်အရွယ် ကလေးလေးဟာ ၁၃ လွှာမှာရှိတဲ့ နေအိမ်တိုက်ခန်း ပြတင်းပေါက်ပေါ် တက်ဆော့ရာမှ အိမ်ထဲလည်း ပြန်ဝင်လို့မရတဲ့ အခြေအနေနဲ့ အုတ်ရိုးကပန်း ကျဉ်းကျဉ်းလေးမှာ ပြတင်းပေါက် ဘောင်ကို ခိုထားပြီး မတ်တပ်ရပ်အနေအထား ဖြစ်နေခဲ့ပါတယ်။
 
>>Read More ကို နှိပ်ပါ<<
 
ဒီအဖြစ်ပျက်ကို မြင်သွားတဲ့ လုံခြုံရေးက ကလေးပြုတ်ကျလာရင် ခံထားဖို့ အဝတ်တွေပြေးယူပြီး အောက်ကနေပဲ အသင့်စောင့်ဆိုင်းနေပါတယ်။ ကလေးက ကြောက်လွန်းလို့ ငိုယိုအော်ဟစ်နေပါတယ်။ ကလေးငိုသံကြောင့် အောက်ထပ်မှာနေတဲ့ Zhou Shaoting ဆိုတဲ့ အမျိုးသားက သတိထားမိသွားပြီး သူ့ရဲ့အခန်း ပြတင်းပေါက်ကနေ အပြင်ဘက်ကို တွယ်တက်ကာ ကလေးကို ကယ်ဖို့ ကြိုးစားခဲ့ပါတယ်။
 
“အရမ်းအန္တရာယ်များတယ်၊ ကလေးက ခြေချော်ကျရင် သေသွားနိုင်တယ်” လို့ Zhou က သတင်းဌါနကို ပြောပြခဲ့ပါတယ်။
 
သူ့အနေနဲ့လည်း ခြေကုတ်ကောင်းကောင်းယူပြီး ကလေးကို ကယ်ထုတ်ဖို့ အခွင့်အရေးမသာခဲ့တာကြောင့် နောက်ဆုံးမှာ ကလေးကြောက်ပြီး ပြုတ်မကျအောင် ကလေးရဲ့ရှေ့ကနေ ပိတ်ကာထားပေးပြီး အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ကို စောင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
 
 
နောက်ထပ် ၁၅ မိနစ်လောက်အကြာမှာတော့ ကလေးရဲ့ အဘိုးဖြစ်သူ အိမ်ပြန်ရောက်လာပြီး ကလေးကို အိမ်ထဲပြန်လည် ဆွဲသွင်းနိုင်ခဲ့ပါတယ်။
 
အဘိုးဖြစ်သူရဲ့ ပြောပြချက်အရ မနက်ပိုင်းက သူ့ရဲ့မြေးမလေးကို ကျောင်းသွားပို့တာကြောင့် ကလေးကို ဆော့ဖို့အတွက် ဖုန်းထားပေးခဲ့ပြီး အိမ်တံခါးပိတ်ကာ ထွက်သွားတာဖြစ်ပါတယ်။ ကလေးဟာ ကုလားထိုင်ဆွဲကာ သူ့အဖိုး အိမ်ပြန်အလာကို ပြတင်းပေါက်ကနေ မျှော်နေရင်း ပြင်းပေါက်ပေါ်တက်ရာကနေ အိမ်အပြင်ဘက်ကို ရောက်သွားခဲ့တာဖြစ်ပါတယ်။
 
ကလေးကို ကယ်တင်ခဲ့တဲ့ Zhou Shaoting ကိုတော့ အားလုံးက သူရဲကောင်းအဖြစ် ချီးကျူးနေကြပါတယ်။

 


15 May 2019     14,860 Views




RELATED

Most Popular of Special or Others

Most Popular of NEWS