BEC-TERO TV

လူ့အသက်တစ်ချောင်းကို အင်စတာဂရမ်ပေါ်က ရက်စက်စွာ ဆုံးဖြတ်

15 May 2019     1,322 Views


အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ သူ့ဘဝကို အဆုံးသတ်ဖို့ အင်စတာဂရမ်ပေါ်မှာ မဲပေးရန်(poll) စတေးတပ်စ်တစ်ခု တင်ခဲ့ရာ ၆၉% သော အွန်လိုင်းသုံးသူတွေက သေသင့်တယ်လို့ မဲပေးခဲ့ကြတဲ့အတွက် ၃ ထပ်တိုက်ပေါ်က ခုန်ချပြီး တစ်ကယ်အဆုံးစီရင်သွားခဲ့ပါတယ်။
 
>>Read More ကို နှိပ်ပါ<<
 
 
မလေးရှားနိုင်ငံ ကူချင်းပြည်နယ်မှာ မေလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သူမသေဆုံးခဲ့မှုနဲ့ ပက်သက်ပြီး ရဲအဖွဲ့က စစ်ဆးကြည့်ရာ သူမရဲ့ လက်ကိုင်ဖုန်းထဲက အင်စတာဂရမ်ပေါ်မှာ တင်ခဲ့တဲ့ အကြောင်းအရာကို တွေ့ခဲ့ရပါတယ်။
 
“တစ်ကယ်အရေးကြီးလို့ပါ၊ ကျွန်မကို ကူညီပြီးဆုံးဖြတ်ပေးကြပါဦး သေသင့်တယ်ဆိုရင် D(Die)၊ ဆက်ပြီးအသက်ရှင်သင့်တယ်ဆိုရင် L(Life) လို့ ရွေးပေးကြပါ” ဆိုပြီး သူမရဲ့ဘဝကံကြမ္မာကို အွန်လိုင်းသုံးသူတွေရဲ့ လက်ထဲမှာ အပ်ခဲ့တာဖြစ်ပါတယ်။ ဆန္ဒမဲအရ ၆၉% က ‘D’ သေသင့်တယ်လို့ မဲပေးခဲ့ကြတာကို တွေ့ရပါတယ်။
 
ဒါ့အပြင် ဖေ့စ်ဘွခ်ပေါ်မှာလည်း “သောက်ရေးမပါတဲ့ ဘဝမှာ အသက်ရှင်ရတာ မောပန်းလွန်းပြီ” လို့ ရေးတင်ထားတာကို တွေ့ရပါတယ်။ ရဲတွေက ဆက်လက် စစ်ဆေးရာမှာ အဆုံးစီရင်မှုမလုပ်မီ သူ့ရဲ့သူငယ်ချင်းတွေကို WeChat ပေါ်မှာ တရုပ်လိုရေးပြီး နှုတ်ဆက်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။
 
သူမရဲ့ ပထွေးဖြစ်သူက စင်ကာပူနိုင်ငံမှာ ဗီယက်နမ်အမျိုးသမီးနဲ့ လက်ထပ်ပြီး မလေးရှားကို နောက်မိန်းမပါခေါ်ပြီး ပြန်လာတော့မယ့်ကိစ္စနဲ့ ပက်သက်လို့ စိတ်ဓါတ်အကြီးကျယ်ကျပြီး စိတ်ညစ်နေခဲ့တာလို့ စုံစမ်းစစ်ဆေးရေးအရာရှိ Aidil က ရှင်းပြပါတယ်။
 
သူမရဲ့အလောင်းကို ည ၈ နာရီလောက်မှာ တွေ့ရပြီးနောက် ရဲစခန်းကို အကြောင်းကြားခဲ့ကြပါတယ်။ အဲဒီအချိန်မှာ သူမရဲ့ မောင်လေးနဲ့ မိခင်ဖြစ်သူ အင်ဒိုနီးရှားအမျိုးသမီးတို့ အပြင်မှာ ညစာထွက်စားနေတဲ့အခိုက်ဖြစ်ပါတယ်။ မိခင်က ပြန်လာတဲ့အခါ သူ့သမီးရဲ့ အလောင်းကို တွေ့ပြီးနောက် ယူကြုံးမရငိုကြွေးခဲ့ပါတယ်။
 
အလောင်းကို သက်ဆိုင်ရာဆေးရုံသို့ စစ်ဆေးရန် ပို့ခဲ့ကြပြီး ရာဇဝတ်မှုတစ်စုံတစ်ရာ ကျူးလွန်ခံရကြောင်း မတွေ့ရှိရသဖြင့် ရုတ်တရက်သေဆုံးမှုအဖြစ် သတ်မှတ်ခဲ့ကြကြောင်း မလေးရှားသတင်းတွင် ဖော်ပြပါရှိသည်။

15 May 2019     1,322 Views




RELATED

Most Popular of Special or Others

Most Popular of NEWS