BEC-TERO TV

၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးဂိုးဆုအတွက် ဆန်ခါတင် (၁၀) ဂိုးစာရင်း

16 May 2019     1,358 Views


ပရီးမီးယားလိဂ်အဖွဲ့ချုပ်က၂၀၁၈ -၂၀၁၉ ရာသီ ပရီးမီးယားလိဂ် အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင် ၁၀ ဂိုး စာရင်းကို မနေ့က ကြေညာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရာသီအလိုက် အကောင်းဆုံးဂိုးဆုကို ၂၀၁၆-၁၇ ရာသီက စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး Carling အဖျော်ယမကာမှ စပွန်ဆာပေးခြင်းဖြစ်သည့်အတွက် အဆိုပါဆုကို Carling ရာသီအလိုက်ဂိုးဆုဟု လို့လည်းခေါ်တယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်ရာသီအလိုက် အကောင်းဆုံးဂိုးဆုများကို ရွေးချယ်ရာတွင် တစ်လတာအကောင်းဆုံးဆု ရဂိုးများကိုသာ ဆန်ခါတင်စာရင်း၌ ရွေးချယ်လေ့ရှိတာဖြစ်ပါတယ်။

Read More ကိုနှိပ်ပြီးဆက်လက်ဖတ်ရှုပါ>

၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးဂိုးဆုအတွက် ပရိသတ်များက အွန်လိုင်းတွင် မေလ ၁၇ ရက်အထိမဲပေးနိုင်ပြီး ကျွမ်းကျင်သူများ မဲပေးမှုနှင့် ပူးပေါင်းရွေးချယ်ကာ အကောင်းဆုံးဂိုးဆုကို မေလ ၂၁ ရက်တွင် ကြေညာသွားမှာဖြစ်ပါတယ်။

၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ် အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းဝင် (၁၀) ဂိုး

နေ့စွဲ        ကစားသမား        ပွဲ

၂၆-၈-၂၀၁၈    ဆီရီ (ဖူလ်ဟမ်)        ဖူလ်ဟမ်    ၄-၂    ဘန်လေ

၂၉-၉-၂၀၁၈    စတာရစ်ခ်ျ (လီဗာပူးလ်)    ချယ်လ်ဆီး    ၁-၁    လီဗာပူးလ်

၇-၁၀-၂၀၁၈    ရမ်ဆေး (အာဆင်နယ်)    ဖူလ်ဟမ်    ၁-၅    အာဆင်နယ်

၂၄-၁၁-၂၀၁၈    ဆွန်ဟောင်မင် (စပါး)        စပါး    ၃-၁    ချယ်လ်ဆီး

၂၂-၁၂-၂၀၁၈    တောင်ဆန် (ပဲလေ့စ်)        မန်စီးတီး    ၂-၃    ပဲလေ့စ်

၁၂-၁-၂၀၁၉    ရှာရယ် (ဖူလ်ဟမ်)        ဖူလ်ဟမ်    ၂-၁    ဘန်လေ

၂၆-၂-၂၀၁၉    ဖာဘီယန်ရှား (နယူးကာဆယ်)    နယူးကာဆယ်    ၂-၀    ဘန်လေ

၉-၃-၂၀၁၉        ခနော့ကတ် (ဘရိုက်တန်)    ပဲလေ့စ်    ၁-၂    ဘရိုက်တန်

၈-၄-၂၀၁၉        ဟာဇက် (ချယ်လ်ဆီး)        ချယ်လ်ဆီး    ၂-၀    ဝက်စ်ဟမ်း

၆-၅-၂၀၁၉        ကွန်ပနီ (မန်စီးတီး)        မန်စီးတီး    ၁-၀    လက်စတာ

ကိုယ်နှစ်သက်တဲ့ ကစားသမား ကို Vote ပေးချင်ပါက အောက်ပါလင့်မှာ Vote ပေးနိုင်မှာဖြစ်ပါတယ်။

 https://carlingtap.carling.com/goal-of-the-month/2019-5

ဘောလုံးချစ်ပရိတ်သတ်များ ဘယ်ဂိုးက အကောင်းဆုံးသွင်းဂိုး ဆုရမယ်ထင်လဲ..?


16 May 2019     1,358 Views




RELATED

Most Popular of Football

Most Popular of Sport