BEC-TERO TV

မန်ယူအသင်းမှာ ရရှိတဲ့ ၀င်ငွေထက် ၂ ဆ ကျော် ရရှိတော့မယ့် ဟာရဲယား

16 May 2019     1,325 Views


ယူနိက်တက်ကွင်းလယ်ကစားသမား ဟာရဲယား ဟာ ဒီနှစ်ရာသီကုန်မှ မန်ယူအသင်းကနေ့ ထွက်ခွာတော့ပြီး ပီအက်ဂျီစ်အသင်းကို ပြောင်းရွေ့ တော့မှာဖြစ်ပါတယ်။ အဆိုပါ စပိန်သားဟာ ပီအက်စ်ဂျီအသင်းမှာ တစ်ပါတ်လုပ်ခ ပေါင် ၃ သိန်းအထိ ရရှိမှာဖြစ်ပါတယ်။ ဒီလုပ်ခလစာဟာ မန်ယူအသင်းမှာ ရရှိခဲ့တဲ့လစာထက် ၂ နှစ်ဆကျော် များပြားနေခဲ့ပါတယ်။

ဟာရဲယားဟာ မန်ယူအသင်းမှာ ဆက်လက်ကစားချင်တဲ့ ပုံရပေမယ့် စာချုပ်သစ် ချုပ်ဆိုဖို့ နှစ်ဖက်အကြား သဘောတူညီမှာ မရရှိခဲတာကြောင့်ပီအက်စ်ဂျီ အသင်းကို ပြောင်းရွေ့ တော့မှာဖြစ်ပါတယ်။

.

မန်ယူအသင်းမှာ တစ်ပါတ်လုပ်ခ ပေါင် ၅ သိန်းအထိရရှိနေတဲ့ ဆန်းချက်ကြောင့် စီနီယာ ကစားသမားတွေ အကြား ဘဝင်မကျတာမျိုးတွေဖြစ်ခဲ့ပြီး ၊ စာချုပ်သစ် ကိစ္စတွေမှာ အသင်းမှာရှိတဲ့ ကစားသမား တွေက လစာတိုးတောင်းရာကနေ သက်တမ်းတိုးဖို့ ကိစ္စတွေ ပျက်ပြယ်ခဲ့ရတာ ဖြစ်ပါတယ်။

ဟာရဲယားက မန်ယူအသင်းမှာ တစ်ပါတ်လုပ်ခ ပေါင် ၁၃၀၀၀၀ သာရရှိခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ အလားတူ ပုံစံမျိုး နဲ့ပဲ အသင်းရဲ့ ဂိုးသမား ဒီဂီယာ ကို စာချုပ်သစ်ကိစ္စမှာ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ သတင်းတွေကဖော်ပြခဲ့ကြပါတယ်။


16 May 2019     1,325 Views




RELATED

Most Popular of Football

Most Popular of Sport