BEC-TERO TV

မလေးရှားတွင် ISIS တို့၏ ခြိမ်းခြောက်မှုကြောင့် ဘုရားကျောင်းများ လုံခြုံရေးတင်းကြပ်

17 May 2019     1,474 Views


မလေးရှားနိုင်ငံရှိ နိုင်ငံခြားခရီးသွားဧည့်သည်များ အများဆုံး လာရောက်လည်ပတ်ကြသည့် ‘ဘာတူးလှိုဏ်ဂူ’(Batu Cave) အပါအဝင် ဟိန္ဒူဘုရားကျောင်း ၃ ကျောင်းကို အစ္စလာမ်စစ်သွေးကြွ ISIS အဖွဲ့နဲ့ ချိပ်ဆက်သူများအဖွဲ့က ခြိမ်းခြောက်ထားသဖြင့် လုံခြုံရေး တင်းကြပ်စွာ ချထားကြောင်း သိရှိရသည်။
 
အစ္စလာမ်မစ်နယ်မြေများ ဖြစ်ကြသည့် အီရတ်နှင့် ဆီးရီးယားရှိ အဖျက်အုပ်စုနှင့် အချိပ်အဆက်ရှိသော ဘာသာရေးအစွန်းအရောက်အဖွဲ့နဲ့ ပက်သက်သည်ဟု သံသယရှိသူ ၄ ဦးကို ဖမ်းဆီးရမိပြီးနောက် သတင်းအရ ဘုရားကျောင်း ၃ ကျောင်းကို လုံခြုံရေး တင်းကြပ်ထားခြင်းဖြစ်သည်။
 
>>Read More ကို နှိပ်ပြီးဖတ်ရှုပါ<<
 
မေလ ၁၆ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ ကွာလာလမ်ပူမြို့ ဆူဘန်းဂျာယာရှိ သီရိမဟာ မာရီရာမန် ဘုရားကျောင်းခွဲ တစ်ခုတွင် မနှစ်က နိုဝင်ဘာလ ၂၇ ရက်နေ့မှာ အဓိကရုဏ်းဖြစ်ပွားခဲ့ပြီးနောက် လာရောက်ကူညီကယ်ဆယ်သော မီးသတ်ဝန်ထမ်း မူဟာမက်အဒစ် မိုဟာမက်ကာဆင် သေဆုံးခဲ့မှုနဲ့ ပက်သက်ပြီး လက်စားချေရန် ကြိုတင်ကြံစည်ထားမှုကြောင်း ဖော်ပြထားသည်။
 
တိုက်ခိုက်ရန် ရည်ရွယ်ထားသော ဘုရှိခိုးကျောင်းနေရာများမှာ Batu Caves Sri Subramaniyar Temple ၊ Sri Maha Mariamman Devasthanam temple နဲ့ Sri Ganesha Temple တို့ ဖြစ်ပြီး လူအများလာရောက် ဝတ်ပြုရာ၊ လာရောက်လေ့လာလည်ပတ်ကြသည့် နေရာများဖြစ်သည့် လုံခြုံရေးတင်းကြပ်စွာ ချထားလျှက်ရှိသည်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့က အဓိကရုဏ်ဖြစ်စဉ်တွင် လာရောက်ကူညီသော ကယ်ဆယ်ရေးအဖွဲ့မှ အသက် ၂၄ နှစ်အရွယ် မီးသတ်စမား အဒစ် ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးရုံသို့ပို့ခဲ့ပေမယ့် သေဆုံးသွားခဲ့ပါတယ်။ သူသေဆုံးခဲ့မှုအတွက် မည်သူတစ်ဦးတစ်ယောက်မျှ ဖမ်းဆီးခံထားရတာမျိုး မရှိသေးတဲ့အတွက် အချို့သော မလေးရှား မွတ်ဆလင်အသိုင်းဝိုင်းကြားမှာ ပြောဆိုဝေဖန်စရာတွ ဖြစ်လာခဲ့ပါတယ်။ 
အစိုးရအနေနဲ့ အဆိုပါ သေဆုံးခဲ့မှု ဖြစ်စဉ်အပေါ် မည်သူမည်ဝါကို အရေးယူကြောင်း ယခုချိန်ထိ အတိအကျ ပြောဆိုထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

17 May 2019     1,474 Views




RELATED

Most Popular of International News

Most Popular of NEWS