BEC-TERO TV

ပရိတ်သတ် ၁ သိန်းကျော်နဲ့ ကြက်သီးထဖွယ် အောင်ပွဲခံခဲ့တဲ့ အေဂျက်စ် အသင်းသားများ

17 May 2019     1,298 Views


အေဂျက်စ်အသင်းဟာ  ၅ နှစ်ကြာဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ပြန်လည်ရယူနိုင်ခဲ့ပြီးနောက် အသင်းသားတွေနဲ့ ပရိတ်သတ်တွေဟာ ကြက်သီးထဖွယ် အောင်ပွဲခံခဲ့ကြပါတယ်။ အဆိုပါ အောင်ပွဲခံပွဲကြီးကို Queens အဖွဲ့ ရဲ့ “We are the champions, my friends ” သီချင်းနဲ့ ဖျော်ဖြေခဲ့ကြပြီး ပရိတ်သတ် ၁ သိန်းလာရောက် အားပေး အောင်ပွဲခံခဲ့ကြပါတယ်။

ယခု အမှတ်ပေးဖလားဟာ အေဂျက်စ်အသင်းအတွက်  (၃၄)ကြိမ်မြောက် ရရှိခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ယခုလအစောပိုင်းကလည်း ပြည်တွင်းဖလားပြိုင်ပွဲဖြစ်သော KNVB Cup အား ဆွတ်ခူးထားခဲ့ပါတယ်။

Read More ကိုနှိပ်ပြီးဆက်လက်ဖတ်ရှုပါ>

အေဂျက်စ်အသင်းဟာ ယခုရာသီတွင် ပြည်တွင်းဖလား(၂)လုံး သိမ်းပိုက်နိုင်ခဲ့သလို၊ ချန်ပီယံလိဂ်တွင်လည်း ဆီမီးဖိုင်နယ်အထိ ရောက်ရှိကာ ခြေစွမ်းပြနိုင်ခဲ့သဖြင့် အသင်း၏ ကစားသမားအများစုအား ဥရောပအသင်းကြီးများမှ စိတ်ဝင်စားနေကြပါတယ်။

အသင်း၏ ကွင်းလယ်ကြယ်ပွင့် ဖရန်ကီဒီယွန်းအား ဘာစီလိုနာအသင်းမှ ပေါင်(၆၅)သန်းဖြင့် ခေါ်ယူထားခဲ့ပြီးဖြစ်သလို၊ နောက်ထပ်ကြယ်ပွင့်တစ်ပွင့်ဖြစ်သည့် အသင်းခေါင်းဆောင် ဒီလစ်ကိုလည်း ဘာစီလိုနာ၊ မန်ယူ၊ မန်စီးတီး၊ လီဗာပူးလ်၊ ဂျူဗင်တပ်စ်စသည့် ဥရောပထိပ်သီးအသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေကြပါတယ်။

ချန်ပီယံလိဂ်မှာ ဆီးမီးဖိုင်နယ်အဆင့်နဲ့သာကျေနပ်ခဲ့ရသော်လည်း ဒီနှစ်ဟာ အေဂျက်စ်အသင်းအတွက် အောင်မြင်တဲ့ နှစ်တစ်နှစ်လို့ ခေါ်ဆိုလို့ရမည်ဖြစ်ပါတယ်။

 


17 May 2019     1,298 Views




RELATED

Most Popular of Football

Most Popular of Sport