BEC-TERO TV

အိုစမာဘင်လာဒင်ရဲ့ မိသာစုထံနဲ့ ငွေကြေး ပါတ်သက်မှုတွေရှိနေတဲ့ ရှက်ဖီး ယူနိုက်တက်

17 May 2019     1,425 Views


နောက်နှစ်ရာသီမှာ ပရီးမီးယားလိဂ်ကို တန်းတက်လာတော့မယ် ရှက်ဖီးယူနိုက်တက်အသင်းဟာ  အယ်ကိုင်းဒါး ခေါင်းဆောင် အိုစမာဘင်လာဒင် ရဲ့ မိသာစုထံမှ ငွေကြေးအထောက်အပံ ရယူခဲ့တယ်လို့ သိရပါတယ်။

ရှက်ဖီးယူနိုက်တက်အသင်း ပိုင်ရှင် နှစ်ယောက်ဖြစ်တဲ့ မက်ကာဘီ နဲ့ ဆော်ဒီ မင်းသား အဘတ်ဒူလာ နှစ်အကြား အသင်းပိုင်ဆိုင်မှု ပြသာနာကနေ အစချီပြီး လန်ဒန်တရားရုံးမှာ အမှုကြားနာစဉ်မှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

Read More ကိုနှိပ်ပြီးဆက်လက်ဖတ်ရှုပါ>

အကြောင်းက မက်ကဘီဟာ ၂၀၁၃ ခုနှစ်လောက်မှာ ငွေကြေးရင်းနှီးမြှပ်နှံမှုတွေ လုပ်ဆောင်ဖို့အတွက် လိုအပ်နေတာကြောင့် ဆော်ဒီမင်းသာ အဘတ်ဒူလာ ထံမှ ရှက်ဖီးအသင်းရှယ်ယာ ၅၀ % ကို ပြန်လည်ရောင်းချခဲ့တယ်လို့ဆိုပါတယ်။  ဆော်ဒီမင်းသာ အဘတ်ဒူလာ ကလည်း ရှက်ဖီးအသင်းမှာ ပေါင် ၁၀ သန်းရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ထို့နောက် ၂ နှစ်အကြာမှာ နှစ်ဦးကြား ငွေကြေးအရှုတ် ပြသာနာတွေ ပေါ်ပေါက်လာပြီး ဆက်ဆံရေးတင်းမာ လာခဲ့ကြပါတယ်။

လက်ရှိ အချိန်ထိတော့ ကလပ် အသင်း ဥက္ကဌ မက်ကာဘီ က အဲဒီ ကိစ္စတွေ အားလုံးကို ငြင်းဆိုထားဆဲ ဖြစ်ပါတယ်။ရှက်ဖီး ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ကို တက်ရောက် လာပြီ ဖြစ်တာကြောင့် အသင်းကို ပိုင်ဆိုင်ခွင့်ရရှိဖို့အတွက် ပိုင်ရှင် နှစ်ဦးအကြား အားပြိုင်မှုတွေက အမြင့်ဆုံး အထိ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။


17 May 2019     1,425 Views




RELATED

Most Popular of Football

Most Popular of Sport