BEC-TERO TV

Bat Man မင်းသားအသစ် ဖြစ်လာနိုင်ချေရှိတဲ့ ရောဘတ်ပတ်တင်ဆန်

17 May 2019     1,359 Views


ကမ္ဘာကျော် DC Universe ရုပ်ရှင်ထုတ်လုပ်ရေးမှ အသစ်ထွက်ရှိမယ့် Bat Man ဇာတ်ကားအတွက် မင်းသားရွေးချယ်နေတာပဲဖြစ်ပါတယ်။ ဒီလို မင်းသားအသစ် ရွေးချယ်ရတဲ့အကြောင်းအရင်းကတော့ ယခင် Bat Man မင်းသားကြီး Ben Affleck ဟာ အသက် ၄၆ နှစ်ရှိနေပြီဖြစ်ပြီး ယခုအသစ်ရိုက်မယ့် Bat Man ကားဟာ Bruce Wanye ငယ်ဘဝကို ရိုက်မှာဖြစ်တဲ့အတွက် မကိုက်ညီတော့တာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် Ben Affleck ကို Bat Man နေရာမှ အနားယူစေပြီး လူငယ်အရွယ် မင်းသားတွေထဲက ရွေးချယ်ဖို့ DC မှစီစဉ်နေတာပဲဖြစ်ပါတယ်။ ရောဘတ်ပတ်တင်ဆန် တစ်ယောက် ဘယ်လိုဖြစ်လို့ Bat Man အဖြစ်လျာထားခြင်းခံရသလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်လိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

DC Universe က Batman နေရာသရုပ်ဆောင်ဖို့ လျာထားတဲ့ မင်းသားတွေကတော့ ရောဘတ်ပတ်တင်ဆန်အပါအဝင် Nicholas Hoult, Armie Hammer နဲ့ Aaron Taylor-Johnson တို့ပဲဖြစ်ပါတယ်။ ထိုအထဲကမှ ရောဘတ်ပတ်တင်ဆန်နဲ့ Nicholas Hoult တို့ကို Batman ရုပ်ရှင်ဒါရိုက်တာ Matt Reeves မှ မျက်စိကျနေကြောင်း ပြောကြားလာပါတယ်။

အများစုကတော့ Nicholas နဲ့ ရောဘတ်မှာ ဘယ်သူ Batman ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားနေကြပါပြီ။ အများစုကတော့ ရောဘတ်ပတ်တင်ဆန်ကို ဒါရိုက်တာ Matt Reeves က မျက်စိကျနေခဲ့တာ ကြာပြီဟု ပြောကြပေမယ့် Bruce Wayne ငယ်ဘဝဇာတ်ရုပ်က Nicholas နဲ့ ပိုမိုသင့်တော်ကြောင်း အငြင်းပွားနေကြပါတယ်။ လက်ရှိမှာတော့ ရောဘတ်ပတ်တင်ဆန်က Batman ဖြစ်လာနိုင်အများဆုံးဆိုပြီး နံပါတ် တစ်ပေးခံထားရတာပဲဖြစ်ပါတယ်။ Nicholas ကတော့ နံပါတ်နှစ်နေရာမှာပါ။

Batman ရုပ်ရှင်အသစ်ဟာ ဇွန် ၂၅၊ ၂၀၂၁ မှာ ရုံတင်ပြသနိုင်ဖို့ ရည်ရွယ်ထားပြီး ရိုက်ကူးရေးကိုတော့ ၂၀၁၉ နှစ်အကုန်လောက် စတင်သွားမယ်လို့သိရပါတယ်။ ပရိတ်သတ်ကြီးရော ရောဘတ်က Batman ဖြစ်လာမလား၊ Nicholas က Batman ဖြစ်လာမလား ဘယ်သူလို့ထင်ပါသလဲ?

(ပိုပိုလေး)

 


17 May 2019     1,359 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS