BEC-TERO TV

ဦးနှောက်ထဲ တီဘီပိုးဝင်ပြီး သေဆုံးသွားတဲ့ သင်ဇာဝင့်ကျော်ရဲ့ မိတ်ကပ်ဆရာ

21 May 2019     27,952 Views


မော်ဒယ်၊ သရုပ်ဆောင် သင်ဇာဝင့်ကျော်ရဲ့ မိတ်ကပ်ဆရာတစ်ဦး ဖြစ်တဲ့ စည်သူဟိန်း ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့မှာ ဦးနှောက်ထဲ တီဘီပိုးဝင်ပြီး ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ပါတယ်။ အနုပညာ အသိုင်းအဝိုင်းက အစည်(Asi) လို့သိကြတဲ့ စည်သူဟိန်းဟာဆိုရင် မိတ်ကပ်ပညာကျွမ်းကျင်မှုကြောင့် နာမည်ကျော် ဆယ်လီများရဲ့ထာချစ်ခင်နှစ်သက်မှုကိုရရှိထားသူတစ်ဦးပါ။ အစည်(Asi) (ခေါ်) စည်သူဟိန်း သေဆုံးမှုအတွက် ဘယ်သူတွေ ဝမ်းနည်းပူဆွေးထားကြလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်လိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<

မော်ဒယ်၊ သရုပ်ဆောင် သင်ဇာဝင့်ကျော်မှ သူမရဲ့ ဖေ့ဘွတ်ခ်အကောင့်မှတစ်ဆင့် စည်သူဟိန်း သေဆုံးတာနဲ့ပတ်သတ်ပြီး ဝမ်းနည်းကြေကွဲမိကြောင်း ပုံနှင့်တကွ ပို့စ်တင်ခဲ့ပါတယ်။

Beautybynaychi ခြည်ခြည်မှလဲ မိတ်ကပ်စည်သူဟိန်း သေဆုံးတာနဲ့ပတ်သတ်ပြီး “နေခြည်မခံစားနိုင်ဘူး Rest in peace” ဟုရေးသားကာ ဝမ်းနည်း ကြေကွဲကြောင်း ရေးသားထားပါတယ်။

နာမည်ကျော် စတိုင်လစ်တစ်ဦးဖြစ်တဲ့ Yoko San မှလဲ သူငယ်ချင်းဖြစ်သူ စည်သူဟိန်း သေဆုံးတာနဲ့ ပတ်သတ်ပြီး “ရင်နာလိုက်တာ သူငယ်ချင်းရယ် စောလွန်းသေးတယ် ဖြူစင်တဲ့ အစည်လေး ကောင်းရာသုဂတိလားပါစေ” ဟုရေးသားပြီး ဝမ်းနည်းကြေကွဲကြောင်း သက်သေပြခဲ့ပါတယ်။

မော်ဒယ်၊ သရုပ်ဆောင် ကျော်ရဲမြင့်ငြိမ်းမှ သူငယ်ချင်း Asi သေဆုံးတာကို အိပ်ရာနိုးနိုးချင်း ကြားလိုက်ရတဲ့အတွက် ရင်ကွဲမိကြောင်း၊ Asi တစ်ယောက် ကောင်းရာသုဂတိလားပါစေ၊ အေးချမ်းစွာအနားယူပါတော့ ဆိုပြီး ဝမ်းနည်းစွာ ဆုမွန်ကောင်းတောင်းပေးထားတာကို တွေ့ရပါတယ်။

မိတ်ကပ်ပညာရှင်လေး Asi (ခေါ်) စည်သူဟိန်း ဟာဆိုရင် အသက် ၂၃ နှစ် သာရှိပါသေးတယ်။ ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ တော်ပြီးထက်မြက်တဲ့ မိတ်ကပ်ပညာရှင် တစ်ဦး သေဆုံးသွားတာဟာ အနုပညာရှင်တွေအတွက် ကြေကွဲဝမ်းနည်းစရာပါပဲ။ မိတ်ကပ် စည်သူဟိန်း(ခေါ်) အစည် သေဆုံးမှုအတွက် ပိုပိုလေးမှလဲ မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းမိပါတယ်။

(ပိုပိုလေး)


21 May 2019     27,952 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS