BEC-TERO TV

မွေးနေ့အမှတ်တရအဖြစ် ပထမဆုံးအကြိမ် သီလရှင်ဝတ်လိုက်တဲ့ အဆိုတော်ပိုပို

21 May 2019     1,955 Views


ပရိသတ်ရင်နဲ့ထပ်တူကျတဲ့ အလွမ်း၊ အဆွေးသီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုပြီး အနုပညာဂီတလောကထဲက ငွေကြယ်ပွင့်လေးဖြစ်လာတဲ့ အဆိုတော်ပိုပိုကတော့ အားလုံးရဲ့ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်ရယူထားသူလေးပါ။ အောင်မြင်မှုတွေနဲ့အတူ တစ်နေ့တစ်ခြားအလှတွေပိုတိုးလာတဲ့ ပိုပိုကတော့ ကိုကိုတွေ၊ မောင်မောင်တွေရဲ့ အသဲတစ်နေရာကို သိမ်းပိုက်ထားသူလေးလဲဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

အားလုံးပဲ သိထားကြတဲ့အတိုင်း အဆိုတော်ပိုပိုကတော့ ခက်ခဲကြမ်းတမ်းတဲ့ ဘ၀ခရီးကိုလျှောက်လှမ်းလာခဲ့ရသူဖြစ်ပြီး ပင်ပန်းနေချိန်မှာတောင် အနားမှာဘယ်သူမှမရှိ တစ်ယောက်တည်းအထီးကျန်စွာ ဘ၀ကိုဖြတ်သန်းနေရပေမယ့် ဂီတသံစဉ်တွေနဲ့ သီချင်းတွေကိုအဖော်ပြုရင်း ပရိသတ်အတွက်အကောင်းဆုံးကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။ သူမဘ၀ကအထီးကျန်နေပေမယ့်လည်း ပရိသတ်တွေကတော့ သူမရဲ့ခွန်အားတစ်ခုပါလို့ ဆိုပါတယ်။

ဒီကနေ့ မတ်လ (၂၁) ရက်နေ့ မနက်ပိုင်းမှာပဲ အဆိုတော်ပိုပိုတစ်ယောက် တရားရိပ်သာ သာ့သနာဘောင်ဝင်ကာ မယ်သီလရှင်ဝတ်လိုက်ပါပြီ။ ပိုပိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အသက် (၂၉) နှစ်ပြည့်သွားခဲ့ပြီး မွေးနေ့အမှတ်တရအဖြစ် မယ်သီလရှင်ဝတ်လိုက်ခြင်းဖြစ်ကာ သူမဘ၀အတွက် ပထမဆုံးအကြိမ် မယ်သီလရှင်ဝတ်ခြင်းလို့လဲ သိရပါတယ်။

ဆရာလေး ၀ိမလညဏီအဖြစ် စစ်ကိုင်းချောင်မှာ သီလရှင်ဝတ်ခဲ့တဲ့ အဆိုတော်ပိုပိုဟာ (၉) ရက်တာမျှ သာ့သနာရိပ်မှာ ခိုလှုံမှာဖြစ်ပါတယ်။ သီလရှင် ဆရာလေးပိုပိုရဲ့ ပုံရိပ်တွေကို ဒီဇိုင်နာမျိုးမင်းစိုးက သူ့ရဲ့လူမှုကွန်ယက်မှာတင်ထားတာဖြစ်ပြီး အများသူငါ သာဓုဝိုင်းခေါ်နိုင်ဖို့အတွက် ဆရာလေးရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

 

(ပိုပိုလေး)


21 May 2019     1,955 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment