BEC-TERO TV

Key နဲ့ Just တို့ Eye,nose,lips သီဆိုရာမှာ ဘယ်သူကပိုကောင်းသလဲဆိုတာ ပရိတ်သတ်ရဲ့ နှိုင်းယှဉ်မှု

21 May 2019     1,346 Views


နာမည်ကျော် ကေပေါ့ပ်အဆိုတော်အဖွဲ့ Big Bang မှ အဖွဲ့ဝင် Taeyang သီဆိုထားတဲ့ Eyes,nose,lips သီချင်းဟာဆိုရင် ကမ္ဘာတစ်ဝှမ်းလူကြိုက်များ အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ Eyes,nose,lips သီချင်းဟာ  မြန်မာနိုင်ငံမှာလဲ လူကြိုက်များပြီး galaxy star myanmar 2017 မှာ Key Lashi (ဆန်းသူအောင်) က အဆိုပါ သီချင်းနဲ့ယှဉ်ပြိုင်သီဆိုဖူးပါတယ်။ ယခုလက်ရှိ MRTV-4 မှာထုတ်လွှင့်ပြသနေတဲ့ The Voice Myanmar 2019 ရဲ့ Knock out round မှာ Eyes,Nose,Lips သီချင်းနဲ့ ယှဉ်ပြိုင်သွားပါတယ်။ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး Taeyang ရဲ့ Eyes,nose,lips ကိုပြန်လည်သီဆိုရာမှာ Key နဲ့ Just ဘယ်သူက ပိုကောင်းသလဲဆိုတာ ဆိုရှယ်မီဒီယာပေါ်မှာ အငြင်းပွားမှုလေးတွေဖြစ်လာပါတယ်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Eyes, Nose, Lips သီချင်းဟာ တစ်ပုဒ်လုံး အရှိုက်၊ အပင့်တွေချည်း ဆက်တိုက်ပါဝင်တာမို့ ဆိုရခက်တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ တစ်ခုခုမှားယွင်းတာနဲ့ သီချင်းအနှစ်သာရကို လုံးဝ ပျောက်ကွယ်သွားမှာဖြစ်ပြီး သီချင်းတစ်ပုဒ်လုံးက နှာခေါင်းက လေကို အပင့်၊ အထုတ် ညီမျှမှာသာ လုံးဝနားထောင်ကောင်းမယ့် သီချင်းတစ်ပုဒ်ပါ။ ဒီသီချင်းကို မြန်မာနိုင်ငံက ပြိုင်ပွဲဝင်တွေဖြစ်တဲ့ Galaxy Star Myanmar 2017 မှ Key Lashi နဲ့ The Voice Myanmar 2019 ပြိုင်ပွဲဝင် Just တို့ ပြန်လည်သီဆိုထားပုံ ဘယ်လိုကွာခြားသွားလဲဆိုတာ ကြည့်လိုက်ကြရအောင်။

သီချင်းဆိုပြိုင်ပွဲမှာ စာသားပီသမှုနဲ့ နှာခေါင်းမှ လေအသွင်းအထုတ်မှန်ကန်ဖို့  အရေးကြီးပါတယ်။ Key တစ်ယောက် Galaxy star Myanmar 2017 မှာ Eyes,nose,Lips ကိုနဲ့ ပါဝင်ယှဉ်ပြိုင်ထားတာဟာ အမှားမရှိပဲသီဆိုနိုင်ခဲ့ပါတယ်။

The Voice Myanmar 2019 မှာ Just ယှဉ်ပြိုင်ထားတာဟာ စာသားအမှားအယွင်း အနည်းငယ်ရှိသွားခဲ့ပြီး အပင့်အသက်အရှိုက်နေရာမှာ အနည်းငယ် မှားယွင်းမှုလေးတွေရှိနေခဲ့ပါတယ်။ ဒါပေမဲ့ Just သီဆိုထားတာလဲ သူ့နည်းသူ့ဟန်လေးနဲ့ တစ်မူထူးပြီးကောင်းနေတုန်းပါပဲ။ Key ကတော့ Galaxy Star မှာ English version နဲ့သီဆိုသွားတာဖြစ်ပြီး Just ကတော့ ကိုးရီးယားဘာသာနဲ့ သီဆိုခဲ့တာဖြစ်ပါတယ်။

မူရင်း Eyes,nose,lips ရဲ့ သီချင်းပိုင်ရှင် Taeyang သီဆိုထားပုံကို ကြည့်ရှုခံစားပြီး Key နဲ့ Just သီဆိုရာမှာ ဘယ်သူပိုကောင်းတယ်ဆိုတာ ဆုံးဖြတ်ပေးလိုက်ပါဦး ပရိတ်သတ်ကြီးရေ။

(ပိုပိုလေး)

 

 

 


21 May 2019     1,346 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS