BEC-TERO TV

အသက် (၆၄) နှစ်ပြည့်မွေးနေ့ကို တောင်တက်ခြင်းဖြင့် မွေးနေ့ပွဲကျင်းပခဲ့တဲ့ ချောင်ယွင်ဖတ်

21 May 2019     1,352 Views


ကမ္ဘာကျော် တရုတ်သိုင်းမင်းသားကြီး ချောင်ယွင်ဖတ်ဟာဆိုရင် ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့မှာ အသက် ၆၄ နှစ်တိတိပြည့်သွားပြီပဲဖြစ်ပါတယ်။ တောင်တက်ဝါသနာပါတဲ့ မင်းသားကြီး ချောင်ယွင်ဖတ်ဟာ မွေးနေ့မှာ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တောင်တက်ရင်းအချိန်ကုန်ဆုံးစေခဲ့ပါတယ်။ ကျန်းမာရေးလိုက်စားတဲ့ မင်းသားကြီးဟာ အသက် ၆၀ ကျော်ပြီဆိုပေမဲ့ အခုအချိန်ထိ သန်တုန်းမြန်တုန်းလို့ ပြောရမှာပါ။ မင်းသားကြီး ချောင်ယွင်ဖတ်နဲ့အတူ ဘယ်သူတွေ တောင်တက်လိုက်သွားကြလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

မင်းသားကြီး ချောင်ယွင်ဖတ်ရဲ့ မွေးနေ့မှာ သူနဲ့အတူ မွေးနေ့ပွဲ လိုက်ပါကျင်းပပေးဖို့ လူအယောက်(၂၀) ထက်ပိုပြီးတောင်ပေါ်ကို အတူတက်ရောက်ခဲ့ကြပါတယ်။ ဟောင်ကောင်သရုပ်ဆောင်များဖြစ်တဲ့ Julian Cheung, Anita Yuen, Nina Paw, Liu Kai Chi, Kenny Wong နဲ့ Catherine Chau တို့ ပါဝင်ပြီး နေ့လည်စာမစားခင်အချိန် သုံးနာရီတိတိ တောင်တက်ခဲ့တယ်လို့သိရပါတယ်။

ချောင်ယွင်ဖတ်အတွက် အဖွဲ့သားများက မက်မွန်သီးများကို လက်ဆောင်ပေးခဲ့ကြပါတယ်။ တရုတ်လို မွေးနေ့မှာ မက်မွန်သီး လက်ဆောင်ပေးခြင်းရဲ့ အဓိပ္ပါယ်ကတော့ ‘သက်ကျော်ရာကျော်ရှည်စေဖို့ ဆုမွန်ကောင်းတောင်းပေးခြင်း’ ပဲဖြစ်ပါတယ်။ “ကျွန်တော်တို့ အစ်ကိုကြီးဖတ်ကတော့ လေ့ကျင်းခန်း များများလုပ်ပြီး ပိုမိုကျန်းမာလာတာပါပဲ” လို့အဖွဲ့သားများက အရွန်းဖောက်စနောက်ခဲ့ကြပါတယ်။

ဒီအကြောင်းအရာတွေကို Antina Yuen က သူမရဲ့ ဆိုဒယ်မီဒီယာအကောင့်မှာ ပြီးခဲ့တဲ့စနေနေ့က တင်ခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာ ချောင်ယွင်ဖတ်ဟာ Antina Yuen, Liu Kai Chi တို့နဲ့အတူ “Be Water, My friend” ဇာတ်ကား ရိုက်ကူးပြီးစီးသွားတဲ့ အချိန်ကာလပဲဖြစ်ပါတယ်။

မင်းသားကြီးဟာ ပြီးခဲ့တဲ့ မတ်လမှာ ဇာတ်ကားရိုက်ကူးနေစဉ်အတောအတွင်း နဖူးမှာ သွေးထွက်သံယို ဒဏ်ရာရရှိခဲ့ပါတယ်။ အခုလို နေကောင်းကျန်းမာစွာပြန်မြင်ရတာဟာ ဝမ်းသာစရာပါပဲ။

(ပိုပိုလေး)

 

 


21 May 2019     1,352 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS