BEC-TERO TV

၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးသွင်းဂိုးဆုကို တောင်ဆန်သွင်းဂိုး ရရှိ

22 May 2019     1,311 Views


၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးသွင်းဂိုးဆုကို ခရစ်စ္စပဲလေ့စ် တောင်ပံကစားသမား တောင်ဆန်ရဲ့ သွင်းဂိုးက ရရှိခဲ့ပါတယ်။ တောင်ဆန်ရဲ့ သွင်းဂိုးဟာ ဝက်စ်ဟမ်းနှင့်ပွဲမှ ချယ်လ်ဆီးတောင်ပံကစားသမား ဟာဇက်၏ တစ်ကိုယ်တော်ထိုးဖောက်မှုဖြင့် သွင်းယူခဲ့သည့် ဂိုးနှင့် လက်စတာနှင့်ပွဲမှ မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီ၏ အဝေးကန်ချက်သွင်းဂိုးများကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ်အကောင်းဆုံးဂိုးအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။

ခရစ်စ္စတယ်ပဲလေ့စ်အသင်းနှင့် မန်စီးတီးအသင်းတို့ ကန်တဲ့ပွဲစဉ်မှာ ခရစ်စ္စတယ်ပဲလေ့စ်အတွက် ဒုတိယဂိုးကို ပွဲချိန် ၃၅ မိနစ်မှာ မြေမကျကန်သွင်းယူခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါပွဲမှာ ခရစ်စ္စတယ်ပဲလေ့စ်အသင်းက မန်စီးတီးအသင်းကို ၂-၃ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

Read More ကိုနှိပ်ပြီးဆက်လက်ဖတ်ရှုပါ>

ပရီးမီးယားလိဂ် ရာသီအလိုက် အကောင်းဆုံးဂိုးဆုကို ၂၀၁၆-၁၇ ရာသီကမှ စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး  လက်ရှိဂျူဗင်တပ်စ်အသင်းတွင်ကစားနေသည့် လီဗာပူးလ်ကွင်းလယ်လူဟောင်း အမ်မရီချန်က ပထမဆုံး ရရှိခဲ့ပါတယ်။

ပြီးခဲ့သည့် ၂၀၁၇-၁၈ ရာသီက ဆောက်သမ်တန်တိုက်စစ်ကစားသမား ဘူဖယ်လ်က ရရှိခဲ့ပြီး ယခုတောင်ဆန်မှာ ယင်းဆုကိုရရှိခဲ့သည့် တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရပါတယ်။

တောင်ဆန်သည်  ၂၀၁၈-၁၉ ရာသီက ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ပရီးမီးယားလိဂ် (၃၈)ပွဲတွင် (၆)ဂိုးသွင်းပေးထားနိုင်ခဲ့ပါတယ်။

 

 


22 May 2019     1,311 Views




RELATED

Most Popular of Football

Most Popular of Sport