BEC-TERO TV

အမေရိကန် ဒေါ်လာ ၄ သန်းကျော် ရင်းနှီးမြုပ်နှံသူတွေရှိနေပြီဖြစ်တဲ့ ဆောင်းဂျွန်ကီပါဝင်မယ့် ရုပ်ရှင်ဇာတ်ကားကြီး

27 May 2019     1,232 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ ဆောင်းဂျွန်ကီဟာ  မင်းသမီး ကင်မ်တေးရီနဲ့အတူ “Lightning Ship” အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်မည်ဖြစ်ကြောင်း ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့၊ Merry Christmas ရုပ်ရှင် ကုမ္ပဏီမှထုတ်ပြန်ကြေငြာလာပါတယ်။ ဒီဇာတ်ကားမရိုက်ကူးရသေးခင်မှာပဲ ကမ္ဘာအနှံ့အပြားက ရုပ်ရှင်ရင်းနှီးမြုပ်နှံရေးကုမ္ပဏီတွေက ရင်းနှီးမြုပ်နှံဖို့ သူ့ထက်ငါအပြိုင်ကမ်းလှမ်းလာကြပါတယ်။ ဘယ်သူတွေက ဘယ်လိုကမ်းလှမ်းကြသလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ဆောင်းဂျွန်ကီ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်မယ့် “Lightning Ship” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် ကင်မ်တေးရီနဲ့ Jin Seon Kyu တို့လဲ အားဖြည့်ပါဝင်မှာဖြစ်ပြီး ဇာတ်လမ်းရိုက်ကူးမယ့် ဒါရိုက်တာကတော့ “A Werewolf boy” ရဲ့ ဒါရိုက်တာ Jo Sung Hee ပဲဖြစ်ပါတယ်။

ဇာတ်ကားရိုက်ကူးဖို့ Merry Christmas မှကြေငြာလိုက်တာနဲ့ တစ်ပြိုင်နက် ကမ္ဘာအနှံ့အပြားက ရင်းနှီးမြုပ်နှံသူတွေ အပြိုင်အဆိုင်ရောက်ရှိလို့လာပါတယ်။ အဆိုပါ ရင်းနှီးမြုပ်နှံသူတွေအနက် Huayi Brothers တို့ ပိုင်ဆိုင်တဲ့ ကုမ္ပဏီ Huayi Tencent Entertainment မှ အများဆုံး ရင်းနှီးမြုပ်နှံသွားတယ်လို့ သိရပါတယ်။ Huayi Brothers တို့ရင်းနှီးမြုပ်နှံခဲ့တဲ့ ငွေပမာဏကတော့ ကိုးရီးယားဝမ်သန်းပေါင်း ၅ ထောင်(အမေရိကန်ဒေါ်လာ 4.2 မီလီယမ်) ရှိနေပြီပဲဖြစ်ပါတယ်။

Huayi Brothers ဟာဟောင်ကောင်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်ဈေးကွက်မှာသာမက အာရှဈေးကွက်တစ်ခုလုံးကို လွှမ်းမိုးခြယ်လှယ်ထားနိုင်တဲ့ အင်အားကြီးကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ Lighting Ship ရုပ်ရှင်ဇာတ်ကားကို ရင်းနှီးမြုပ်နှံဖြစ်တဲ့အကြောင်း Huayi Brothers ရဲ့ ဒါရိုက်တာ Hu Jun Yi ကအောက်ပါအတိုင်း ပြောကြားထားပါတယ်။

“သမားရိုးကျ ဇာတ်လမ်းမျိုးမဟုတ်ပဲ ထူးဆန်းတဲ့ ဇာတ်လမ်းဇာတ်ကွက်မျိုး ရှိတာ တွေ့ရတဲ့အတွက်ကြောင့် ဒီဇာတ်ကားကို ကျွန်တော်တို့ ရင်းနှီးမြုပ်နှံဖြစ်သွားတာပါ။ ဒါရိုက်တာ Jo Seong Hee ရဲ့ စွမ်းဆောင်ချက်နဲ့ တောင်ကိုးရီးယားရဲ့ ထိပ်တန်းသရုပ်ဆောင်တွေပါဝင်နေတာကြောင့် အောင်မြင်ဖို့ကတော့ သေချာသလောက်ရှိနေပါပြီ” ဟုပြောကြားသွားပါတယ်။

Lightning Ship ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၉ ဂျူလိုင်မှာ pre-production ပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၂၀ မှာ ရုံတင်ပြသနိုင်ဖို့ စီစဉ်ထားကြောင်းသိရှိရပါတယ်။

(ပိုပိုလေး)

 


27 May 2019     1,232 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS