BEC-TERO TV

အရွယ်မတိုင်သေးတဲ့ ကလေးတွေပါမျက်နှာခွဲစိတ်လာကြတာကြောင့် ကိုးရီးယားရှေ့ရေး ရင်မအေးကြောင်း ဆရာဝန်တစ်ဦးပြောကြား

27 May 2019     1,279 Views


ပလက်စတစ်ဆာဂျရီလို့ခေါ်တဲ့ မျက်နှာခွဲစိတ်ခြင်းဟာဆိုရင် တောင်ကိုးရီးယားမှာ ရှေးယခင်ကတည်းက ရေပန်းစားလာခဲ့တာပဲဖြစ်ပါတယ်။ များသောအားဖြင့် မိန်းကလေးတွေမှာဆိုရင် အသက် ၁၉ နဲ့ ၂၉ ကြားမှာရှိတဲ့ အပျိုအရွယ်မိန်းကလေးတွေသာ မျက်နှာပေါ်မှာ ရှိတဲ့ အစိတ်အပိုင်းတွေကို ခွဲစိတ်ပြုပြင်ကြတာပါ။ ဒါပေမဲ့ ခုနောက်ပိုင်းမှာတော့ အရွယ်မတိုင်သေးတဲ့ ဆယ်နှစ်အောက်ကလေးတွေပါ ခွဲစိတ်ပြုပြင်လာကြကြောင်း မျက်နှာခွဲစိတ်ဆရာဝန်တစ်ဦးမှ ထုတ်ဖော်ပြောကြားလာပါတယ်။ သူဘယ်လိုပြောသွားလဲ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

မျက်နှာခွဲစိတ်ပြုပြင်တယ်ဆိုတာမျိုးက အမျိုးသားမှာရော အမျိုးသမီးမှာပါ လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိတဲ့ ရလာဒ်တစ်ခုပဲဖြစ်ပါတယ်။ သို့ပေမဲ့ ဒီနောက်ပိုင်း ခွဲစိတ်ပြုပြင်သူတွေပိုမိုများပြားလာပြီး ရုပ်ရည်ချောမောသူတွေကလဲ အများအပြားရှိလာကြပါတယ်။ ပြီးပြည့်စုံနေတဲ့ လူတွေအများကြီးထဲမှာမှ ရုပ်ရည်မချောမောသူတွေဟာ အနှိမ်ခံရဖို့ အများဆုံးပဲဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရည်မချောမောတဲ့ လူတွေဟာ မိမိမျက်နှာကို ပြီးပြည့်စုံစေဖို့ အများဆုံးခွဲစိတ်ပြုပြင်ကြရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က တောင်ကိုးရီးယားရုပ်သံလိုင်းတစ်ခုမှ မျက်နှာခွဲစိတ်ဆရာဝန်တစ်ဦးကို အင်တာဗျူးမေးမြန်းခဲ့ရာ ဆေးရုံကိုနောက်ဆုံး လာရောက် ခွဲစိတ်သွားတဲ့ လူနာမှာ အသက် ၈ နှစ်သာရှိကြောင်း ပြောကြားလာပါတယ်။ အဆိုပါ ၈ နှစ်အရွယ်မိန်းကလေးရဲ့ အမေဟာ သမီးဖြစ်သူကို မင်းသမီး ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်ကြောင့် မျက်ရစ်နှစ်ထပ်ရရှိစေရန် ခွဲစိတ်ဖို့ လာရောက်အပ်နှံခဲ့ကြောင်း သိရှိရပါတယ်။

ဒီကိစ္စနဲ့ စပ်လျဉ်းပြီး ပြည်သူတွေအကြား လူမှုကွန်ယက်မှာ အငြင်းပွားမှုတွေဖြစ်ပွားလာပါတယ်။

“ကြားကြားချင်း ဆဲတောင်ဆဲမိတော့မယ် ကလေးမှာလဲ သူ့ကျန်းမာရေးအခြေအနေနဲ့သူ ရှိနိုင်တာပဲလေ”

“ဘယ်လိုတောင် လောဘကြီးတဲ့ မိန်းမလဲ ကိုယ့်သမီးကို သရုပ်ဆောင်ဖြစ်စေချင်တာနဲ့ပဲ မျက်လုံးကို ဓားနဲ့မွှန်းခိုင်းရသလား?”  (မျက်ရစ်နှစ်ထပ်ဖော်ဖို့ ခွဲစိတ်တဲ့အခါ မျက်လုံးနားကို ဓားသေးသေးလေးနဲ့ ပုံဖော်ရတဲ့ အကြောင်းကို ရည်ညွှန်းထားတာပဲဖြစ်ပါတယ်။)

အစရှိသဖြင့် မကောင်းတဲ့ဘက်ကနေ ဝေဖန်ပြောဆိုလာကြပါတယ်။

အသက် ၁၀ နှစ်မကျော်သေးတဲ့ ကလေးငယ်တွေကို မျက်ရစ်ဖော်ပေးတာဟာ ခွဲစိတ်ထားကြောင်း မသိသာပဲ သဘာဝကျတယ်လို့ ယူဆကြပုံပါပဲ။ ဒါကြောင့် ကလေးသူငယ်တွေကို မိဘတွေက မျက်ရစ်နှစ်ထပ်ဖြစ်စေဖို့ ခွဲစိတ်တာမျိုးတွေ အများအပြားပြုလုပ်လာစေပါတယ်။

အမှန်တကယ်က မိဘတွေ အရွယ်မရောက်သေးတဲ့ ကလေးတွေကို လူအမြင်မှာပိုကြည့်ကောင်းအောင် ပြုပြင်ပေးရမှာမဟုတ်ပဲ သူတို့စိတ်ထဲ ယုံကြည်မှုတစ်ခု တည်ဆောက်ပေးရမှာပါ အခုလိုလုပ်ခြင်းဟာ ကလေးတွေကို အတွင်းစိတ်ကောင်းတာထက် အပေါ်ယံအပြင်အဆင်တွေက ပိုအရေးကြီးကြောင်း ရိုက်သွင်းပေးလိုက်သလိုပါပဲ၊ ကလေးမိဘတွေအကုန်လုံး စဉ်းစားဆင်ခြင်နိုင်ကြပါစေ” ဟုပြောကြားသွားပါတယ်။

(ပိုပိုလေး)


27 May 2019     1,279 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS