BEC-TERO TV

ဥရောပ ရွှေဖိနပ်ဆုကို မက်ဆီကပိုင်ဆိုင်ခဲ့ပြီး ရော်နယ်ဒိုက Top Ten အပြင်ဘက်မှာ ရပ်တည်

27 May 2019     1,431 Views


ဘာစီလိုနာအသင်းတိုက်စစ်မှူး လီယွန်နယ် မက်ဆီ ဟာ ဥရောပ ရွှေဖိနပ်ဆုကို စံချိန်တင် (၆) ကြိမ်မြောက် ရရှိခဲ့ပါတယ်။ လာလီဂါမှာ သွင်းဂိုး ၃၆ ဂိုးအထိ သွင်းယူနိုင်ခဲပြီး ပီအက်စ်ဂျီ စတား ဘက်ပီကို ၃ ဂိုးအသာဖြင့် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဥရောပ ရွှေဖိနပ်ဆု ပြိုင်ဘက်ကြီး စီရောနယ်ဒိုကတော့ သွင်းဂိုး ၂၁ ဂိုးသာသွင်းယူနိုင်ခဲ့တာကြောင့် ဥရောပ ဂိုးသွင်းအများဆု စာရင်း Top Ten အပြင်ဘက်မှာ ရပ်တည်ခဲ့ပါတယ်။

စီရိုနယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ပြည်တွင်းအမှတ်ပေးချန်ပီယံဆု စကူဒက်တိုချန်ပီယံဖလားတို့ကို ကိုင်မြောက်နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ် ဖလားကို ကွာတားအဆင့်နဲ့သာကျေနပ်ခဲ့ရပါတယ်။ ဒါ့အပြင်  စီးရီးအေဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

Player Team Goals
1. Lionel Messi Barcelona 36 (72 points)
2. Kylian Mbappe PSG 33 (66)
3. Fabio Quagliarella Sampdoria 26 (52)
4. Duvan Zapata Atalanta 23 (46)
5. Mbaye Diagne Kasimpasa/Galatasaray 30 (45)
=6. Mohamed Salah Liverpool 22 (44)
=6. Sadio Mane Liverpool 22 (44)
=6. Robert Lewandowski Bayern Munich 22 (44)
=6. Pierre-Emerick Aubameyang Arsenal 22 (44)
=6. Krzysztof Piatek Genoa/AC Milan 22 (44)

 

စီးရီးအေပြိုင်ပွဲ ပြီးဆုံးချိန်မှာ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ဆမ်ဒိုးရီးယားက အီတလီဝါရင့်တိုက်စစ်မှူး ကွာဂလီရယ်လာ ဆွတ်ခူးခဲ့ပြီး ၂၆ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ စီးရီးအေ ဒုတိယဂိုးသွင်းအများဆုံး ကစားသမားက အတ္တလန္တာက ဇာပါတာက၂၃ ဂိုး သွင်းပေးခဲ့ပါတယ်။ အေစီမီလန်တိုက်စစ်မှူး ပီယာတက်ခ်ကတော့ ဂိုးသွင်းအများဆုံးအဆင့် ၃ နေရာမှာ ရပ်တည်ခဲ့ပြီး ၂၂  ဂိုးသွင်းပေးခဲ့ပါတယ်။

စီရော်နယ်ဒိုဟာအရင်က ဥရောပရွှေဖိနပ်ဆုကို ၄ ကြိမ်အထိ ဆွပ်ခူးထားနိုင်ခဲ့ပြီး မက်ဆီကတော့ ၂၀၁၈-၂၀၁၉ ခုနှစ်မှာ မက်ဆီက ဥရောပရွှေဖိနပ်ဆုကို ပိုင်ဆိုင်ခဲ့တာကြောင့် ရော်နယ်ဒို ထက် နှစ်ကြိမ်သာလွန်ခဲ့ပြီးဖြစ်ပါတယ်။


27 May 2019     1,431 Views




RELATED

Most Popular of Football

Most Popular of Sport