BEC-TERO TV

ယူ-၂၀ ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ နော်ဝေအသင်းအတွက် သွင်းဂိုး ၉ ဂိုးသွင်းယူခဲ့တဲ့ ဟာလန်

31 May 2019     1,371 Views


လက်ရှိယှဉ်ပြိုင်နေတဲ့ ယူ-၂၀ ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ နော်ဝေအသင်းက ဟွန်ဒူးရပ်စ် အသင်းကို ၁၂-၀ ဖြင်အနိုင်ရရှိခဲ့ပြီး အသက် ၁၈ နှစ်အရွယ် နော်ဝေ ကွင်းလယ် ကစားသမားလေး အာလင်ဘရော့ ဟာလန်ဟာ အသင်းအတွင် သွင်းဂိုး ၉ ဂိုးအထိသွင်းယူခဲ့ပြီး ဟက်ထရစ် သုံးကြိမ်ရယူနိုင်ခဲ့ပါတယ်။ သွင်းဂိုးတွေကို  ၇ ၊၂၀ ၊ ၃၆  ၊၄၃ ၊ ၄၆ ၊ ၆၇ ၊၇၇ ၊ ၈၈ ၊ ၉၀ မိနစ်တို့မှာသွင်းယူခဲ့တာဖြစ်ပါတယ်။

ယူ-၂၀ ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ နော်ဝေအသင်းက ဥရုဂွေး ၊ နယူးဇီလန် ၊ ဟွန်ဒူးရပ်စ် အသင်းတို့ပါဝင်နေပြီး ယခုအချိန်မှာ ၃ ပွဲကစားထားပြီး ရမှတ် ၃ မှတ်နဲ့ အုပ်စု အဆင့် ၃ နေရာမှာရပ်တည်နေပါတယ်။

ဟာလန်ဟာ သူ၏ အဆိုပါသွင်းဂိုး ၉ ဂိုး တွေကြောင့် သွင်းဂိုးအများဆုံးစာရင်းထိပ်ဆုံးမှာ ရပ်တည်နေပြီး သူရဲ့ နောက်မှာ ဆီနီဂေါ ဆဂ်နာ နှင့် ကိုလံဘီယာ ကစားသမား ဟာနန်ဒက်စ်က ၃ ဂိုးစီနဲရပ်တည်နေပါတယ်။ ဟာလန်ဟာ ယူ-၂၀ ကမ္ဘာ့ ဖလားပြိုင်ပွဲတစ်လျောက်သွင်းဂိုးအများဆုံး သွင်းယူနိုင်သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

အာလင်ဘရော့ ဟာလန်ဟာ မနှစ်က ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ သြစတြီးယား ကလပ် ရက်ဘူး ဆဲလ်ဘက် အသင်းမှာ ကစားနေတာဖြစ်ပါတယ်။ ထူးခြားတဲ့ ဘောလုံးခြေစွမ်းတွေနဲ့ ဂိုးသွင်းစွမ်းရည် ပြည့်ဝတဲ့ ဟာလန်ကို ကမ္ဘာ့ ဘောလုံး ဇာတ်ခုံပေါ်မှာ မြင်တွေ့ ရတော့မှာလား..?

 


31 May 2019     1,371 Views




RELATED

Most Popular of Football

Most Popular of Sport