BEC-TERO TV

ဥရောပသို့ သွားရောက်ကစားတော့မည့် ဗီယက်နမ် မက်ဆီ (ခေါ်) ငုယင်ကောင်ဖောင်

04 Jun 2019     1,317 Views


ဗီယက်နမ်အသင်း၏ လက်ရွေးစင်ကစားသမားလေး ငုယင်ကောင်ဖောင်ဟာ ဥရောပ ကလပ်တွေမှာ သွားရောက်ကစားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အခုခေတ်နောက်ပိုင်းတွေမှာ ဗီယမ်နမ် ဘောလုံးအသင်းမှာ ကစားသမားကောင်းတွေ ပိုမိုမြင်တွေ့ ရပြီး အာရှမှာ တစ်ဟုန်တိုးတိုးတက်လာတာ အထင်ရှားပဲဖြစ်ပါတယ်။

ဗီယမ်နမ် ပရိတ်သတ်များက ဗီယက်နမ် မက်ဆီ လို့တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ ငုယင်ကောင်ဖောင်ဟာ ဗီယက်နမ်အသင်းအတွက် အားထားရတဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်ပါတယ်။ ငုယင်ကောင်ဖောင်ဟာ K League ကလပ် အင်ချွန်းယူနိုက်တက်အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် ဥရောပမှာ အသင်းတစ်သင်းမှာ ကစားဖို့ စီစဉ်နေတယ် လို့သိရပါတယ်။

အသက် ၂၄ နှစ်အရွယ် ငုယင်ကောင်ဖောင် ဟာ ဗီယက်နမ်ကလပ် ဟောင်အန်ဂယ်လိုင်အသင်း၏ ဘောလုံးအကယ်ဒမီမှ ထွက်ပေါ်လာသူဖြစ်ပြီး မိတ်ဖက်ဖြစ်သော အာဆင်နယ်လူငယ်အသင်းနှင့် ပူတွဲ လေ့ကျင့်ခန်းဆင်းဖူးသူတစ်ဦးဖြစ်ပါတယ်။ အသက်အရွယ် ငယ်ရွယ်ပေမယ့်  ငုယင်ကောင်ဖာင်ဟာ j-league ဒုတိယတန်းကလပ်၊ k-league ကလပ်တို့မှာ ကစားသမားအတွေ့ အကြုံတွေ ရရှိထားပါတယ်။

ယခုအချိန်မှာ အင်ချွန်းအသင်းနှင့် လမ်းခွဲလိုက်ပြီးဖြစ်တာောကာင့် ပြင်သစ် ဒုတိယတန်းသို့ သွားရောက်ကစားရန် စီစဉ်နေတယ် သိရပါတယ်။

    အင်ချွန်းအသင်းက '' ကောင်ဖောင်က ကျွန်တော်တို့အသင်းနဲ့ လမ်းခွဲလိုက်ပါပြီ။ သူက ဥရောပမှာ စိန်ခေါ်မှုအသစ်တွေ ရှာဖွေသွားတော့မှာပါ။ ကံကောင်းပါစေ။  'လို့ အင်ချွန်းအသင်းက  ထုတ်ပြန်ခဲ့ပါတယ်။ ငုယင်ကောင်ဖောင်သည် ဗီယက်နမ်အသင်းနှင့် ထိုင်းဘုရင့်ဖလားပြိုင်ပွဲ ဆင်နွှဲပြီးပါက ပြင်သစ်သို့ ထွက်ခွာမယ် လို့ သိရပါတယ်။

 


04 Jun 2019     1,317 Views




RELATED

Most Popular of Football

Most Popular of Sport