BEC-TERO TV

မက်စီကို ကျော်ပြီး ၂၀၁၈-၂၀၁၉ ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲ အကောင်းဆုံးသွင်းဂိုးအဖြစ် ရော်နယ်ဒို သတ်မှတ်ခံရ

04 Jun 2019     1,347 Views


၂၀၁၈-၂၀၁၉ ခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲကြီးလည်း ပြီးဆုံးသွားခဲ့ပြီး အင်္ဂလန်အလပ် လီဗာပူးလ်အသင်းက ချန်ပီယံလိဂ်ဖလားကို(၆) ကြိမ်မြောက် ရရှိခဲ့ပါတယ်။ ယူအီးအက်ဖ်အေ ရဲ့ Technical Observers အဖွဲ့က ၂၀၁၈-၂၀၁၉ ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲ အကောင်းဆုံးသွင်းဂိုး ၁၀ ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါ သွင်းဂိုး ၁၀ ဂိုးမှာ ဘာစီလိုနာအသင်း ကစားသမား (၅) ဦးအထိပါဝင်လာခဲ့ပါတယ်။ ၂၀၁၈-၂၀၁၉ ခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့  အကောင်းဆုံးသွင်းဂိုးကိုတော့ မက်စီ ၊ မာနေး  တို့၏ သွင်းဂိုးတွေကို ကျော်ဖြတ်ပြီး ဂျူဗင်တပ်စ် တိုက်စစ်မှူး ရော်နယ်ဒို ရဲ့ သွင်းဂိုးက အကောင်းဆုံး ဂိုးဖြင့် သတ်မှတ်ခံခဲ့ရပါတယ်။ အဆိုပါ ဂိုးဟာ ဂျူဗင်တပ်စ်အသင်းနှင့် မန်ယူအသင်းအသင်းတို့ အုပ်စုအဆင့်မှာ ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ ရော်နယ်ဒိုက မန်ယူအသင်းဘက်ကို မြေမကျ ကန်သွင်းခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ချန်ပီယံလိဂ် အကောင်းဆုံးသွင်းဂိုးဆုကို ၂ နှစ်ဆက် သတ်မှတ်ခံခဲ့ရပြီး မနှစ်ကလည်း ဂျူဗင်တပ်စ်အသင်းဘက်ကို Bicycle ကန်ဖြင့် သွင်းယူခဲ့တဲ့ ဂိုးဟာ အကောင်းဆုံးသွင်းဂိုးအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ ရဲ့ Technical Observers အဖွဲ့ မှာ မန်ယူနိုက်တက် နည်းပြဟောင်း ဒေးဗစ်မိုယက်စ် ၊ အင်္ဂလန် နည်းပြ ဆောက်ဂိတ် ၊ ဘယ်ဂျီယံနည်းပြ မာတီနက်ဇ် ၊ ရီးရဲလ် မက်ဒရစ် ဂန္တဝင် တိုက်စစ်မှူး ရာအူးလ် တို့ ပါဝင်ခဲ့ပါတယ်။

၁၀။ လူဝစ် ဆွာရက်ဇ် (ဘာစီလိုနာ vs လီဗာပူးလ် )- ဆီမီးဖိုင်နယ် ပ-ကျော့

၉။ ကော်တင်ဟို ( ဘာစီလိုနာ vs မန်ယူ ) ကွာတားဖိုင်နယ် ဒု-ကျော့

၈။ ဒမ်ဘီလီ ( ဘာစီလိုနာ vs စပါး) အုပ်စုအဆင့်

၇။ စတားလင်( မန်စီးတီး vs ရှက်တာဒိုးနက်) အုပ်စုအဆင့်

၆။ ဘက်ပီ ( မန်ယူ vs ပီအက်စ်ဂျီ ) ၁၆ သင်းအဆင့်

၅။ ဆာနေး ( မန်စီးတီး vs ဟော့ဖန်ဟိမ်း )   အုပ်စုအဆင့်

၎။ ရာကီတစ် ( စပါး vs ဘာစီလိုနာ ) အုပ်စုအဆင့်

၃။ မာနေး ( ဘိုင်ယန်မြူးနစ် vs လီဗာပူးလ် ) ၁၆ သင်းအဆင့်

၂။ မက်စီ ( ဘာစီလိုနာ vs လီဗာပူးလ် ) ဆီမီးဖိုင်နယ် ပ-ကျော့

၁။ ရော်နယ်ဒို (ဂျူဗင်တပ်စ် vs  မန်ယူ ) အုပ်စုအဆင့်

ရော်နယ်ဒို ၂၀၁၈-၂၀၁၉ ခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံးသွင်းဂိုးဆု နဲ့ ထိုက်တန်မှုရှိရဲ့လား..?


04 Jun 2019     1,347 Views




RELATED

Most Popular of Football

Most Popular of Sport