BEC-TERO TV

လစာနည်းလွန်းတဲ့အကြောင်း ရင်ဖွင့်ပြောဆိုလာတဲ့ ပိုက်ကျော်ခြင်းလက်ရွေးစင်တစ်ဦး

05 Jun 2019     1,589 Views


မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းလက်ရွေးစင် အားကစားသမားတစ်ဦးဖြစ်တဲ့ ဇင်မင်းဦးဟာ မြန်မာ့အားကစား ဝန်ကြီးဋ္ဌာနကပေးတဲ့ လစာနဲ့ စပ်လျဉ်းပြီး သူ၏လူမှုကွန်ယက် စာမျက်နှာမှာ ရင်ဖွင့်ပြောဆိုလာပါတယ်။ အားကစားသမားဆိုတာ နိုင်ငံရပ်ခြားမှာဖြစ်စေ၊ ကိုယ့်နိုင်ငံမှာဖြစ်စေ မည်သည့်ပွဲမျိုးမှာမဆို နိုင်ငံ့ဂုဏ်ဆောင်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ သာသည်၊ နာသည်မရှိ ယှဉ်ပြိုင်ကစားကြသူများဖြစ်ပါတယ်။ မောင်ဇင်မင်းဦးတစ်ယောက် သူလက်ရှိရတဲ့ လစာနဲ့ ပတ်သတ်ပြီး ဘယ်လို ရင်ဖွင့်ထားလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

 

အားကစားဝန်ကြီးဋ္ဌာနမှ ပေးအပ်တဲ့ လစာနည်းခြင်းအပေါ် ပိုက်ကျော်ခြင်းလက်ရွေးစင်ကစားသမား ဇင်မင်းဦးက အောက်ပါအတိုင်း ရင်ဖွင့်ပြောဆိုလာပါတယ်။ “ဒီနေ့ အားကစားဝန်ကြီးဋ္ဌာနကပေးတဲ့ လစာရပါတယ်။ ကိုယ်ကတော့ ၈ သောင်းပါ။ ကျန်တဲ့ ကစားသမားအချို့ရဲ့ လစာက ၅ သောင်း၊ ၁ သိန်း အမျိုးမျိုးပေါ့ တချို့ကစားသမားများလစာက အလွန်နည်းပါတယ်။ အဲ့အတွက် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်အနေနဲ့ ကစားသမားများရဲ့ လစာများကို ပေးဖို့ အစီအစဉ် ရှိမရှိသိချင်ပါတယ်။ ဘယ်သူ့မေးရမလဲမသိလို့ပါ။ ဆရာကြီးလဲမဟုတ်ပါဘူး။ ခံစားချက်ကိုပြောပြတာပါ။ အပြစ်ရှိရင် ခွင့်လွှတ်ပါ ” လို့ပြောကြားထားပါတယ်။

တစ်ဖန် အဆိုပါ ကိစ္စရပ်ဖြစ်ပွားပြီးနောက် ဇင်မင်းဦးကို မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ မလိုလားအပ်တဲ့ ပြဿနာများဖြစ်ပွားအောင် လူမှုကွန်ယက်မှာရေးသားမှုနဲ့ ပထမဦးဆုံးအကြိမ် အောက်ပါအတိုင်း သတိပေးလိုက်ပါတယ်။ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး မောင်ဇင်မင်းဦးကလဲ “ကျွန်တော် မောင်ဇင်မင်းဦးက အားလုံးကို ကိုယ်ချင်းစာစိတ်နဲ့ မေးလိုက်တာ ဒီလောက်တောင် ပြဿနာကြီးသွားလား ထပ်မေးပါရစေ” ဆိုပြီး ပြန်လည်မေးခွန်းထုတ်ထားပါတယ်။ လက်ရွေးစင်ပိုက်ကျော်ခြင်းကစားသမားများရဲ့ ရှေ့ရေးကို အားကစားသမားများအနေနဲ့ ဘယ်လိုဆက်လက်ကိုင်တွယ်သွားမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။

(ပိုပိုလေး)


05 Jun 2019     1,589 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS