BEC-TERO TV

မန်ယူအသင်း အောင်မြင်မှုတွေ ၊ ဆုဖလားတွေစိန်ခေါ်နိုင်ဖို့ ပြုလုပ်ပေးနိုင်တယ်ဆိုတဲ့ မာရာဒိုနာ

05 Jun 2019     1,271 Views


အာဂျင်တီးနားဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သူ မာရာဒိုနာဟာ မိမိအနေဖြင့် မန်ယူအသင်းကို အောင်မြင်မှုများ ပြန်လည်ရရှိအောင် စွမ်းဆောင်ပေးနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ယူအသင်း၏ ရလဒ်ဆိုးမျာကြုံတွေနေမှု အပေါ် မာရာဒိုနာက မန်ယူအသင်းအနေဖြင့် နည်းပြရာထူးအတွက် မိမိအား ကိုင်တွယ်စေလိုပါက ဆုဖလားများ ပြန်လည်ရရှိအောင်စွမ်းဆောင်ပေးနိုင်မယ်လို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက မန်ယူအသင်းဟာ ရလဒ်ဆိုးများ ကြုံတွေခဲ့ရပြီ ချန်ပီယံလိဂ် ဝင်ခွင့်လည်း လွှဲချော်ခဲ့ရပါတယ်။ လက်ရှိ နည်းပြဆိုးရှားလ်ရဲ့ အနာဂါတ်က လည်း မသေချာ မရေရာ ဖြစ်နေပါတယ်။

ဒါကို အကြီးအမားပြောင်းလဲပေးချင်တဲ့ မာရာဒိုနာက “မန်ယူအသင်းကသာ ကျွန်တော်ကို အလိုရှိမယ်ဆိုရင် နည်းပြတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နိုင်ပါတယ်။ မန်ယူအသင်းဟာ ကမ္ဘာ့ တစ်ဝန်းမှ ပရိတ်သတ်အတော်များများ အားပေးနေတဲ့ အသင်းဖြစ်ပြီး အင်္ကျီသန်းပေါင်းများစွာကို ကမ္ဘာ့အနှံ့ရောင်းချနေရတာ ကျွန်တော်သိပါတယ်။ သူတို့အနေနဲ့ ဆုဖလားတွေ ၊အောင်မြင်မှုတွေ လိုအပ်နေတယ်ဆိုတာ နားလည်ပါတယ်။ ဒါကို ကျွန်တော် လုပ်ပေးချင်ပါတယ် ” လို့ပြောပါတယ်။

ဒါပေမယ့် မာရာဒိုနာက သူဟာ မန်စီးတီး ပရိတ်သတ် တစ်ဦးဖြစ်တယ်ဆိုတာကိုလည်း ဝန်ခံပြောကြားခဲ့ပါတယ်။ အသက် (၅၈)နှစ်ရှိ အာဂျင်တီးနားဂန္ထဝင်ကစားသမား မာရာဒိုနာဟာ ကစားသမားဘဝအောင်မြင်မှုတွေ ရရှိခဲ့တဲ့ သူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ မက္ကဆီကိုဒုတိယတန်းကလပ် ဒိုရာဒေါ့စ်အသင်းအား နည်းပြအဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။

နည်းပြဘဝမှာ အာဂျင်တီးနားလက်ရွေးစင်အသင်း ၊ ယူအေအီးကလပ်များဖြစ်ကြတဲ့ အယ်ဝက်စ်၊ ဖူဂျာရက် အသင်းတို့ကို ကိုင်တွယ်ဖူးပြီး အောင်မြင်မှု ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ဒါပေမယ့် နာမည်ကျော် အာဂျင်တီးနားဂန္ထဝင်ကစားသမားတစ်ဦး က မန်ယူအသင်းကို နည်းပြတစ်ဦးအဖြစ် စိတ်ဝင်စားနေတာဖြစ်ပြီး ကိုင်တွယ်ခွင့်ရရှိပါက  တစ်ကယ် ဆုဖလားတွေကို ရရှိအောင်စွမ်းဆောင်ပေးနိုင်မလားဆိုတာက စိတ်ဝင်စားစရာဖြစ်ပါတယ်။


05 Jun 2019     1,271 Views




RELATED

Most Popular of Football

Most Popular of Sport