BEC-TERO TV

ယနေ့ညတွင် ကစားမည့် Nations League ဆီးမီးဖိုင်နယ် ပေါ်တူဂီ နှင့် ဆွစ်ဇာလန် ပွဲကြို အချက်အလက်

05 Jun 2019     1,322 Views


လိဂ်ပွဲတွေပြီးဆုံးလို့ ဘောလုံးငတ်နေတဲ့ ပရိတ်သတ်တွေအတွက် ယနေ့ညမှာတော့ Nations League  ဆီးမီးဖိုင်နယ် ပွဲကြီးပွဲကောင်းတစ်ပွဲရှိနေပါတယ်။ အဲ့ဒါကတော့ Nations League  ဆီးမီးဖိုင်နယ် ပွဲစဉ်တွေအဖြစ် ယနေ့ည ၁း၁၅ နာရီအချိန်(ကြာသပတေးနေမနက်)  မှာ ပေါ်တူဂီအသင်းနှင့် ဆွစ်ဇာလန် အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ အဆိုပါနှစ်သင်းဟာ ကမ္ဘာ့ ဖလားတုန်းကလည်း အုပ်စုအဆင့်မှာ အတူတူကျခဲ့ဖူးပြီး အိမ်ကွင်းမှာ ၂-၀ ဖြင့်ကိုယ်စီအနိုင်ရခဲ့ကြပါတယ်။

အဲဒီတုန်းကတော့ ပေါ်တူဂီအသင်းက ဂိုးကွာခြားချက်အသာနဲ့ အုပ်စုဗိုလ်နေရာရယူပြီး ကမ္ဘာ့ဖလား တိုက်ရိုက်ခြေစစ်ပွဲအောင်ခဲ့တယ်။ ဆွစ်ဇာလန်ကတော့ Play-offs အဆင့်ကနေ ကမ္ဘာ့ဖလားဝင်ခွင့်ရခဲ့တာ ဖြစ်တယ်။

အခုညမှာတော့ ပေါ်တူဂီအသင်းက အိမ်ကွင်းမှာ ကစားရမှာဖြစ်တာကြောင့် ဆွစ်ဇာလန်အသင်းထက် အစစအရာရာ အသာစီးရနေတာကို တွေ့ ရပါတယ်။ ပေါ်တူဂီအသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ်က ဒီပွဲအတွက် တောင့်တင်းတဲ့ လူစာရင်းကိုရွေးချယ်ထားပြီး ခံစစ်မှာ ဆယ်မီဒို၊ ကန်ဆယ်လို၊ မာရီယိုရူအီ၊ ဂယ်ဟေရို၊ ကွင်းလယ်မှာ မော်တင်ဟို၊ ဝီလီယံကာဗယ်လ်ဟို၊ ရူဘင်နေးဗက်စ်၊ တိုက်စစ်မှာ စီရော်နယ်လ်ဒို၊ ဘာနာဒိုဆေးလ်ဗား၊ ဒီယိုဂိုယိုတာ၊ ယာအိုဖီးလစ်တို့နဲ့ တခြားအရည်အသွေးမြင့် ကစားသမားတွေလည်း ရှိနေပါတယ်။

အီတလီ ၊ ပိုလန်တို့လို့အသင်းမျိုးကိုတောင် ရော်နယ်ဒိုမပါဘဲ ကျော်ဖြတ်နိုင်ခဲ့တာကြောင့် ရော်နယ်ဒို ဦးဆောင်လာမယ့် လူစာရင်းအရ ဆွစ်ဇာလန်အသင်း ခက်ခက်ခဲခဲ ထိန်းချုပ်သွားရဖို့ရှိနေပြီး သရေတောင် ရဖို့မလွယ်တာကြောင့် ပေါ်တူဂီအသင်းကသာ အနိုင်ရရှိဖို့ အခွင့်အရေးများပါတယ်။

ဆွစ်ဇာလန်အသင်းဟာ အသင်းလိုက် စုစည်းမှုကောင်းတဲ့ အသင်းတစ်ဖြစ်ပြီး ဇာကာ ၊ ရှာကီရီ တို့လို့ ကစားသမားကောင်းတွေရှိနေတာကြောင့် ပေါ်တူဂီအသင်း အလွယ်တကူအနိုင်ရရှိဖို့မလွယ်ပါဘူး။ ဆွစ်ဇာလန်အသင်းဟာ ပေါ်တူဂီအသင်းနဲ့ ယှဉ်ရင် လူစာရင်းအရ သာမန်ခြေသာ ရှိပေမယ့် နာမည်ကြီး ဘယ်လ်ဂျီယံကို နောက်ဆုံးပွဲမှာ မထင်မှတ်ဘဲ (၅-၂)ဂိုးနဲ့ အပြတ်အသတ်အနိုင်ယူပြနိုင်တာမျိုးတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ပေါ်တူဂီကွင်းဖြစ်တာကြောင့် ခြေစွမ်းပိုင်းအရရော ၊ လူစာရင်းအရရော အသာစီးရနေတဲ့ ပေါ်တူဂီအသင်းကို သရေတောင် ခံကစားဖို့ မဖြစ်နိုင်သလောက်ပါပဲ။


05 Jun 2019     1,322 Views




RELATED

Most Popular of Football

Most Popular of Sport