BEC-TERO TV

ရော်နယ်ဒိုရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့ နေရှင်းလိဂ် ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ ပေါ်တူဂီ

06 Jun 2019     1,362 Views


ညကယှဉ်ပြိုင်ကစားခဲ့တဲ့ Nstions League ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ပေါ်တူဂီအသင်းဟာ ဆွစ်ဇာလန်အသင်းကို ၃ – ၁ နဲ့ အနိုင်ယူပြီး ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ဒီပွဲမှာ အကောင်းဆုံးခြေစွမ်းပြကစားထားနိုင်ခဲ့တဲ့သူကတော့ ပေါ်တူဂီအသင်းခေါင်းဆောင်ရော်နယ်ဒိုပါ။ ရော်နယ်ဒိုဟာ ဒီပွဲမှာ လှပတဲ့ ဖရီးကစ်အပါအဝင် ဟက်ထရစ်သွင်းယူပေးခဲ့ပြီး ပေါ်တူဂီအသင်းကို ဖိုင်နယ်ကို ပို့ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။

ပေါ်တူဂီအသင်းက ပထမပိုင်း ၂၅ မိနစ်မှာ ရော်နယ်ဒို ရဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ထို့နောက် ဒုတိယပိုင်းမှာ ဆွစ်ဇာလန်အသင်းဟာ ပေါ်တူဂီအသင်းကို ခြေရည်တူကစားနိုင်ခဲ့ပြီး ၅၇ မိနစ်အရောက်မှာ ဆွစ်ဇာလန်အသင်းက ပင်နတီရရှိခဲ့ပြီး ရိုဒရီဂတ်က က ခြေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီး ၂ မိနစ်အလိုမှာ အသင်းခေါင်းဆောင် ရော်နယ်ဒိုက ပေါ်တူဂီအသင်းအတွက် အနိုင်ဂိုး ၂ ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အထူးခြေစွမ်းပြ ကစားသွားခဲ့တာ ရော်နယ်ဖြစ်ခဲ့ပြီး ပေါ်တူဂီအသင်းအတွက် သူရဲကောင်းဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ အသက် ၃၄ နှစ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုအတွက်တော့ ဒီဟက်ထရစ်ရပြီးနောက် သူ့ရဲ့နိုင်ငံတကာသွင်းဂိုးဟာ ၈၈ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဟက်ထရစ်ပေါင်းလည်း ၅၃ ကြိမ်အထိ ရရှိခဲ့ပြီပဲဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအသင်းကို ၂၀၁၆ ယူရိုဖလားကို ရရှိအောင် စွမ်ဆောင်ပေးနိုင်ခဲ့ပြီး အခုလည်း နေရှင်းလိဂ်မှာ ပေါ်တူဂီအသင်းဟာ ဖိုင်နယ်သို့ တတ်ရောက်နိုင်ခဲ့ပါတယ်။ ပေါ်တူဂီဟာ ဖိုင်နယ်ကို မှာ အင်္ဂလန် ဒါမှမဟုတ် နယ်သာလန်အသင်းနဲ့ ဗိုလ်လုပွဲကစားရမှာပါ။

အင်္ဂလန်နဲ့ နယ်သာလန်တို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကိုတော့ ကြဿပတေးနေ့မှာ ရင်ဆိုင်ကစားရမှာဖြစ်ပြီး ရှုံးနိမ့်တဲ့အသင်းကတော့ တတိယလုပွဲအဖြစ် ဆွစ်ဇာလန်နဲ့ ရင်ဆိုင်ကစားရမှာလည်းဖြစ်ပါတယ်။


06 Jun 2019     1,362 Views




RELATED

Most Popular of Football

Most Popular of Sport