BEC-TERO TV

ကာတာအသင်းနဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး ကိုပါအမေရိက ပွဲစဉ်တွေကို လွဲချော်ဖွယ်ရှိတဲ့ နေမာ

06 Jun 2019     1,531 Views


ဘရာဇီး တိုက်စစ်မှူးနေမာဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာတာအသင်းနှင့် ခြေစမ်းပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး သွားခဲ့ပါတယ်။ ဒဏ်ရာရရှိခဲ့မှုကြောင့် နေမာဟာ မျက်ရည်ကျတဲ့အထိ ဝမ်းနည်းခဲ့ရပြီး ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ ပါဝင်ကစားဖို့တောင် မသေချာဘူးလို့ သိရပါတယ်။

ဒီမတိုင်ခင် ဘရာဇီးအသင်း လေ့ကျင့်ခန်းပြုလုပ်စဉ်မှာလည်း နေမာဟာ အသေးစားဒဏ်ရာ တစ်ခုရရှိခဲ့ပါသေးတယ်။ နေမာရဲ့ ဒဏ်ရာကို အတည်ပြုချက်မထုတ်ပြန်ထားသေးသော်လည်း ဇွန်လ (၁၄) ရက်နေ့မှာ ကစားမယ့် ကိုပါအမေရိကပြိုင်ပွဲအစ ပွဲစဉ်တွေမှာ လွဲချော်ဖွယ်ရှိတယ်လို့သိရပါတယ်။

နေမာဟာ ပီအက်စ်ဂျီအသင်းမှာလည်း မကြာခဏ ဒဏ်ရရှိပြီး ဇန်နဝါရီမှ မတ်လအတွင် ပြင်သစ်လီဂူး ပွဲစဉ် ၁၃ ပွဲလွဲချော်ခဲ့ရပါတယ်။ နေမာဟာ ပီအက်စ်ဂျီအသင်းမှာလည်း ပျော်ရွင်ပုံမရဘဲ အသင်းပြောင်းချင်တဲ့ဆန္ဒ ရှိနေတယ်လို့ စပ်ဆက်သတင်းအရသိရပြီး အသင်းဖော်ဟောင်း မက်စီကလည်း နေမာကို ဘာစီလိုနာအသင်းကို ပြန်လာပြီး ကစားစေချင်နေတယ်လို့ သိရပါတယ်။

ဘရာဇီးအသင်းဟာ ကိုပါအမေရိကဖလား အုပ်စုအဆင့်မှာ ဘိုလီဗီးယား၊ ပီရူး၊ ဗင်နီဇွဲ လားတို့နဲ့ တစ်အုပ်စုထဲ ကျရောက်လျှက်ရှိပါတယ်။ အုပ်စုအဖွင့်အစ ပွဲစဉ်မှာ ဘိုလစ်ဗီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ကာတာနှင့်ကစားတဲ့ ပွဲမှာ ဘရာဇီးအသင်းဟာ ကာတာအသင်းကို ၂-၀ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ ဘရာဇီးအသင်းအတွက် ဂိုးတွေကို ရစ်ချက်လီဆန် ၊ ဂျေးဆူ တို့က သွင်းပေးခဲ့ပါတယ်။

 


06 Jun 2019     1,531 Views




RELATED

Most Popular of Football

Most Popular of Sport