BEC-TERO TV

ကွမ်းစားသူများ စစ်ဆေးသင့်တဲ့ လျှာကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာ (၇)ချက်

06 Jun 2019     19,242 Views


လျှာကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာတွေဟာ လျှာရဲ့အဖျားပိုင်း ၃ ပုံ ၂ ပုံကို ကြည့်ခြင်းအားဖြင့် ကိုယ်တိုင် စစ်ဆေးနိုင်ပါတယ်။ ဆေးပညာရှင်တွေကတော့ လျှာရဲ့ အဖျားပိုင်း ၃ ပုံ ၂ ပုံမှာ ဖြစ်ပွားနေတဲ့ ကင်ဆာကို ပါးစပ်ကင်ဆာအမျိုးအစားအဖြစ် သတ်မှတ်ကြပါတယ်။ အကယ်၍ လျှာရဲ့အရင်းပိုင်းမှာ ဖြစ်ပွားနေရင်တော့ လည်ချောင်းကင်ဆာ အမျိုးစားထဲမှာ သတ်မှတ်ကြပါတယ်။
 
ဆေးလိပ်(စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးတံ) သောက်သူတွေ၊ ကွမ်းစားသူတွေနဲ့ အရက်အလွန်ကျွံ သောက်သုံးသူတွေမှာ လျှာကင်ဆာနဲ့ လည်ချောင်းကင်ဆာဖြစ်နိုင်ချေ ပိုပြီးမြင့်မားပါတယ်။ ယူကေနိုင်ငံရဲ့ ကင်ဆာသုတေသနဌါနက လျှာကင်ဆာဖြစ်နိုင်တဲ့ အောက်ပါ ရှေ့ပြေးလက္ခဏာ (၇)ချက်ကို ဖော်ပြထားပါတယ်။
 
 
၁။ လျှာပေါ်မှာ အနီရောင် (သို့) အဖြူရောင်အကွက်တွေ ပေါ်လာပြီး ပြန်ပျောက်မသွားခြင်း
၂။ လည်ချောင်းနာ ကြာရှည်နေပြီး မပျောက်ခြင်း
၃။ လျှာပေါ်မှာ ပြည်တည်နာ (သို့) အဖု ရှိနေပြီး မပျောက်ခြင်း
၄။ တစ်ခုခုမြိုချလိုက်ရင် နာကျင်ခြင်း
၅။ လျှာထုံနေခြင်း
၆။ လျှာကို မထိခိုက် မကိုက်မိပါပဲ အလိုလျှောက် သွေးထွက်ခြင်း
၇။ နားရွက်နာကျင်ခြင်း (ဖြစ်ခဲပါတယ်)
 
ဖော်ပြပါ အချက် (၇)ချက်ထဲက တစ်ခုခုကို ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။ ကင်ဆာရောဂါ ပျောက်ကင်းနိုင်တဲ့ ဆေးမရှိသေးတာမှန်သော်ငြားလည်း စောစောသိရှိပါက မပြန့်ပွားအောင် တားမြစ်နိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။
 
လည်ချောင်းကင်ဆာ၊ ပါးစပ်ကင်စာ တို့ကို ကုသနည်းက ကင်ဆာအမျိုးအစား နဲ့ အရွယ်အစားပေါ် မူတည်သလို၊ ဘယ်အဆင့်ရောက်ပြီး ဘယ်လောက်တောင် ပြန့်နှံ့နေပြီလဲ ဆိုတာလည်း စစ်ဆေးရပါတယ်။ ဒါ့အပြင် လူနာရဲ့ ကျန်းမာရေး အခြေအနေပေါ်မူတည်ပြီး ကုသနည်းတွေကို ရွေးချယ်ရပါတယ်။
 
အကယ်၍ ကင်ဆာဟာ ပါးစပ်ရဲ့အတွင်းပိုင်းနဲ့ လည်ချောင်းထိ မပျံ့နှံ့သေးဘူးဆိုရင် ခွဲစိပ်ကုသတာနဲ့ပဲ လုံလောက်နိုင်ပါတယ်။ အကယ်၍ အတော်လေး ပြန့်နှံ့နေပြီဆိုရင်တော့ ခွဲစိပ်တာ၊ ဓါတ်ကင်တာ၊ ဓာတုကုထုံးနဲ့ကုတာတွေ လိုအပ်သလို ပြုလုပ်ရမှာဖြစ်ပါတယ်။
 
ခံတွင်းကို စစ်ဆေးကြည့်ခြင်းဖြင့် ကင်ဆာရောဂါကိုသာမက အစားသောက်မှာ ဗီတာမင်ချို့တဲ့ခြင်း စတဲ့ ကျန်းမာရေး ပြသနာတွေကိုလည်း သိရှိနိုင်ပါတယ်။

 


06 Jun 2019     19,242 Views




RELATED

Most Popular of Health Fix

Most Popular of NEWS