BEC-TERO TV

ယနေ့ညကစားမည့် Nations League ဆီးမီးဖိုင်နယ် နယ်သာလန် နှင့် အင်္ဂလန် ပွဲကြို အချက်အလက်

06 Jun 2019     1,408 Views


ယနေ့ညမှာတော့ Nations League ဆီးမီးဖိုင်နယ်အဆင့်မှာ နာမည်ကြီး အင်္ဂလန်အသင်းနှင့် နယ်သာလန်အသင်းတို့ဟာ ည ၁ နာရီ ခွဲအချိန်မှာ ယှဉ်ပြိုင်ကစားသွားကြတော့မှာဖြစ်ပါတယ်။ နှစ်သင်းစလုံးက တောက်ပတဲ့အနာဂါတ် လူငယ်ကစားသမားတွေ ၊ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်တွေကို ပိုင်ဆိုင်ထားကြတဲ့ အသင်းနှစ်သင်းဖြစ်ပါတယ်။ အနိုင်ရတဲ့ အသင်းက ဖိုင်နယ်သို့ရောက်ရှိပြီးဖြစ်တဲ့ ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ စပိန် ၊ ခရိုအေးရှား စတဲ့ အသင်းကြီးတွေကို ကျော်ဖြတ်ပြီး ဆီးမီးအဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ။ အင်္ဂလန်အသင်းက အားထားရတဲ့ တိုက်စစ်မှူး ဟာရီကိန်း ဦးဆောင်ပွဲထွက်လာဖို့ရှိပြီး စတာလင် ၊ ဆန်ချို ၊ ရက်ဖို့စ် ၊ အာနိုးလ် စတဲ့ အရည်အသွေးပြည့် လူငယ် ကစားသမားတွေနဲ့ နယ်သာလန်ကို ယှဉ်ကစားသွားမှာပါ။

နယ်သာလန်အသင်းမှာလည်း အရည်အသွေးမြင့် လူငယ်ကစားသမားရှိပြီး ဒီပိုင်း ၊ ဒီလစ် ၊ဖရန်ကီ ဒီဂျောင် ၊ ဗန်ဒါဘော့ ၊ ဝန်နယ်ဒန် စတဲ့ ကစားသမားတွေနဲ့ အများစုနဲ့ ပွဲထွက်လာဖွယ်ရှိပါတယ်။ နယ်သာလန်အသင်းမှာက အင်္ဂလန်အသင်းထက်စာရင် လူစာရင်းပိုထောင့်ပြီး အတွေ့ အကြုံ ရှိ ကစားသမားတွေ ပိုများပါတယ်။ ဗန်ဒိုက် ၊ ဒီလစ် နောက်တန်းအတွဲက အင်္ဂလန်အသင်းထက် ပိုပြီးကျစ်လစ်ပါတယ်။  အသင်းလိုက် စုစည်းမှုကလည်း နယ်သာလန်ကအသာရနေတာကြောင့်  အင်္ဂလန်အသင်းကို ကပ်နိုင်သွားမယ်လို့ ယူဆမိပါတယ်။

နယ်သာလန်က Nations League ရဲ့ League A မှာ နာမည်ကြီးအသင်းနှစ်သင်းဖြစ်တဲ့ ကမ္ဘာ့ချန်ပီယံပြင်သစ်၊ ဂျာမနီတို့နဲ့အတူ ကျခဲ့ပြီး (၂)ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးဖြင့် အုပ်စုဗိုလ်နေရာယူနိုင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းကလည်း ခရိုအေးရှား ၊ စပိန် တို့လို အသင်းတွေ ပါဝင်တဲ့ အုပ်စုမှာ (၂)ပွဲနိုင်၊ တစ်ပွဲသရေ ကစားနိုင်ခဲ့တယ်။ ခြေစွမ်းချင်း သိပ်မကွာတဲ့ အသင်းနှစ်သင်း ဖြစ်တာကြောင့် တစ်ခုခုသာမှားသွားရင် ပေးဆပ်မှုကြီးကြီးမားမား ခံစားရမှာပါ။

 


06 Jun 2019     1,408 Views




RELATED

Most Popular of Football

Most Popular of Sport