BEC-TERO TV

Nations League ဆီမီးဖိုင်နယ် နယ်သာလန် နှင် အင်္ဂလန်အသင်းတို့၏ ပွဲပြီးသုံးသပ်ချက် နှင့် ဟိုက်လိုက်

07 Jun 2019     1,379 Views


မနေ့ကညက နေရှင်းလိဂ် ဆီးမီးဖိုင်နယ် ပွဲစဉ်အဖြစ် အင်္ဂလန်အသင်းနှင့် နယ်သာလန်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပါပြီး နယ်သာလန်အသင်းက အချိန်မှာ အနိုင်ဂိုးတွေ သွင်းယူပြီး ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲကစားခဲ့ရတဲ့ ဟာရီကိန်း ၊ အလီ ၊အာနိုးလ် ၊ဒန်နီရို့စ် တို့ကို အနားပေးခဲ့ပြီး စတာလင်း ၊ ဆန်ချို ၊ရှပ်ဖိုစ် ၊ ဘာကလေ ၊ဒက် ကလန်ရိုက် ၊ ဖေဘီယန် ဒက်စ်  စတုန်း ၊ ဗန်ချီဝဲ ၊ မက်ဂွဲယား ၊ ဝေါလ်ကာ နှင်း ဂိုးသမား ပစ်ဖို့စ် စတဲ့လူငယ်ကစာသမားအများစုနဲ့ ပွဲထွက်လာခဲ့ပါတယ်။ နယ်သာလန်အသင်းဘက်က လူစုံတက်စုံပါဝင်လာခဲ့ပြီး ဒီပေး ၊ဝန်နယ်ဒန် ၊ ဘာဘယ် ၊ ဒီလစ် ၊ ဒီဂျောင် ၊  ဒီယွန်း ၊ ဘလိုင်း ၊ဗန်ဒိုက် စတဲ့ အတောင်တင်းဆုံး လူစာရင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။

ပွဲစတာနဲ့ နယ်သာလန်အသင်းက အသာစီးဖြင့်ကစားထားနိုင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းက တန်ပြန်တိုက်စစ်တွေနဲ့ နယ်သာလန်အသင်းကို ဖိအားပေးနိုင်ခဲ့ပါတယ်။  ပွဲချိန် ၃၂ မိနစ်မှာ နယ်သာလန် နောက်ခံလူ ဒီလစ် အမှားကနေ ရှပ်ဖို့စ်ကို ဖြတ်ထုတ်ရာမှာ ကြမ်းတမ်းခဲ့တာကြောင့် အင်္ဂလန်အသင်း ပင်နတီရရှိခဲ့ပါတယ်။ အဆိုပါ ပင်နတီိကို တိုက်စစ်မှူး ရှပ်ဖို့စ်က အမှားအယွင်းမရှိ သွင်းယူခဲ့ပြီး အင်္ဂလန် ကဦးဆောင်ဂိုးစတင်ရရှိခဲ့ပါတယ်။

နယ်သာလန် အသင်းက ဦးဆောင်ဂိုးပေးခဲ့ရပြီးနောက် ကစားပုံပျက်သွားခဲ့ပြီး အင်္ဂလန်က တန်ပြန်တွေနဲ့ နယ်သာလန်နောက်တန်းကို တန်ပြန်တွေနဲ့ ဒုက္ခပေးနိုင်ခဲ့ပါတယ်။ဒုတိယပိုင်ပြန်စချိန်မှာတော့ နယ်သာလန်အသင်းက ပိုပြီး တိုက်စစ်ဆင့်ကစားလာခဲ့ပါတယ်။ အင်္ဂလန်အသင်း အကောင်းခံစစ်ပုံစံ ဖြင့်ကစားခဲ့ပေမယ့် ၇၃ မိနစ်အရောက်မှာ နယ်သာလန်နောက်ခံလူ ဒီလစ်က ခေါင်းတိုက်သွင်းဂိုးဖြင့် ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ၈၃ မိနစ်မှာ အင်္ဂလန်အသင်းက လင်းဂတ်က ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် VAR ကြောင့် လူကျွံဘော အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

မိနစ် ၉၀ ပွဲပြီးချိန်မှာ နှစ်သင်းစလုံး ၁-၁ သရေကျခဲ့တာကြောင့် အချိန်ပိုကစားခဲ့ရပါတယ်။ အချိန်ပိုမှာ နယ်သာလန်အသင်းကသာ ပိုကောင်းခဲ့ပြီး အင်္ဂလန်အသင်းက နောက်တန်းအမှားတွေကနေ ဂိုးတွေ ခွင့်ပြုပေးခဲ့ရပါတယ်။ ၉၇ မိနစ်မှာ နောက်ခံလူ ဂျွန်စတုန်းအမှားကနေ တဆင့် ဝေါလ်ကာက ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ပါတယ်။ ၁၁၄ မိနစ်မှာ ဘာကလေက နောက်ပြန်ပေးတဲ့ အမှားကြောင့် ထပ်မံ ဂိုးပေးခဲ့ရပါတယ်။ ပွဲပြီးချိန်မှာ နယ်သာလန်အသင်းက ၃-၁ ဖြင့်အနိုင်ရရှိခဲ့ပြီး နေရှင်းလိဂ် ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

နေရှင်းလိဂ် ဖိုင်နယ်ကို လာမယ့်ဇွန်လ ၉ ရက်နေ့မှာ နယ်သာလန်အသင်းဟာ အိမ်ရှင်ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

 


07 Jun 2019     1,379 Views




RELATED

Most Popular of Football

Most Popular of Sport