BEC-TERO TV

အိမ်စာမပြီးလို့ မိခင်က ရိုက်နှက်ရာမှ ၉ နှစ်အရွယ်ကလေး သေဆုံး

07 Jun 2019     1,412 Views


အသက် ၉ နှစ်အရွယ် သားဖြစ်သူကို ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေမပြီးသေးတာအပါအဝင် အခြားကိစ္စများရောထွေးကာ ဒေါသအလျှောက် ရိုက်နှက်နှိပ်စက်ခဲ့တာကြောင့် ကလေးသေဆုံးသွားခဲ့သည့်အတွက် မိခင်ဖြစ်သူအား ထောင်ဒဏ် ၁၀ နှစ်ကျခံရန် လတ်တလောတွင် တရားရုံးမှ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရသည်။
 
 
ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်  ဇန်နဝါရီလတွင်းက တရုတ်နိုင်ငံ ဂျီးကျန်းစီရင်စုမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကလေးငယ်ဟာ ကျောင်းမှာ ဆော့ကစားရင်း လက်ကိုင်ဖုန်း ပျောက်သွားခဲ့ကြောင်း မိခင်ကို ရိုးရိုးသားသား ဝန်ခံခဲ့ပေမယ့် မိခင်က မယုံကြည်ပဲ လိမ်ပြောသည်ဟု စွပ်စွဲကာ အိမ်အပြန်လမ်းမှာတင် ပါးနားရိုက်ခဲ့ပါတယ်။
 
အိမ်ရောက်တဲ့အခါ ကျောင်းစာတွေစစ်ပြီး အိမ်စာမပြီးသေးကြောင်း ထပ်မံတွေရသဖြင့် ဒေါသပိုဖြစ်လာပြီး သစ်သားတုတ်နဲ့ တစ်ညနေလုံး စိတ်တိုရင်တိုလာသလို ရိုက်နှက်ခဲ့ပါတယ်။ ဒီလိုရိုက်ရုံနဲ့ အားမရသေးပဲ သားဖြစ်သူရဲ့ လက်ဖျား ခြေဖျားတွေကို မလှုပ်နိုင်အောင် တိပ်နဲ့စည်းနှောင်ပြီး လက်ချုပ်အပ်နဲ့ အကြိမ်ကြိမ်ထိုးခဲ့ပါတယ်။
 
ကလေးကို အရွယ်နဲ့မလိုက်အောင် ဒေါသအလျှောက် နှိပ်စက်ပြီး ရေနည်းနည်းပဲ တိုက်ကာ သူ့ရဲ့အိပ်ခန်းထဲကို ပြန်ထည့်ထားလိုက်ပါတယ်။ ကလေးက နှိပ်စက်ရိုက်နှိပ်ခံထားရပြီး လူရောစိတ်ပါနာကျင်လျှက် သူ့အမေကို “အမေ့ကို မမြင်ချင်ဘူး မမြင်ချင်းဘူး” လို့ အော်ဟစ်ပြီး အခန်းထဲမှာ ကျန်ခဲ့ပါတယ်။ မိခင်ဖြစ်သူလည်း နှိပ်စက်လို့ အားရသွားပြီး သူ့အခန်းထဲသူဝင်ကာ ညအိပ်စက်ခဲ့ပါတယ်။
 
နောက်တစ်နေ့နံနက် သူ့သားရဲ့အခန်းထဲကို သွားကြည့်တဲ့အခါ ကြမ်းပြင်ပေါ်မှာ မလှုပ်မရှုပ် လဲကျနေတဲ့ ကလေးကို တွေ့ရတော့မှာ စိုးရိမ်ထိတ်လန့်သွားပြီး သတိပြန်လည်လာအောင် ကြိုးစားပေမယ့် ကလေးက သေဆုံးနေခဲ့ပြီဖြစ်ပါတယ်။
 
အဆိုပါအမှုအတွက် မိခင်ဖြစ်သူကို ဖမ်းဆီးပြီး အမှုရင်ဆိုင်နေခဲ့ရာမှ သားဖြစ်သူကို နာကျင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အခုရက်ပိုင်းကပဲ အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

 


07 Jun 2019     1,412 Views




RELATED

Most Popular of Special or Others

Most Popular of NEWS