BEC-TERO TV

ချဲလ်ဆီး ကစားသမားလေး ပူလီဆစ်ထက် ဘောလုံးစကေးလ် ပိုသာတဲ့ မိခင်ဖြစ်သူ ကယ်လီ

07 Jun 2019     1,407 Views


ချဲလ်ဆီးအသင်း သို့ပြောင်းရွေ့ လာတော့မည့် အမေရိကန်ကစားသမားလေး ပူလီဆစ်ဟာ သူအမေနဲ့အတူ မီးဖိုချောင်ထဲ့မှာ ဘောလုံးစကေးလ် ပြသခဲ့ပါတယ်။ သူ့ အမေရဲ့ ဘောလုံးကျွမ်းကျင်ပိုင်နိုင်မှုကို မြင်တွေ့ ခဲ့ရပြီးနောက် အများက ပူလီဆစ်ရဲ့ ဘောလုံးပညာဟာ သူ့ အမေဆီက ရခဲ့တာဖြစ်မယ်လို့ တောင် မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။

ပူလီဆစ်ဟာ မိခင်ဖြစ်သူ ကယ်လီနှင့် မီးဖိုချောင်အတွင်းမှာ လေထဲ့မှာ ဘောလုံးအပေးအယူ ၂၂ ကြိမ်တိုင်ပြုလုပ်ပြခဲ့ပါတယ်။ လေထဲတွင် ဘောလုံးအပေးအယူလုပ်ရာမှာ သူအမေက ဘောလုံးကို ပြုမကျခဲ့ဘဲ တစ်ကယ်ဘောလုံးပြုတ်ကျခဲ့တာက ပူလီဆစ် ကြောင့်သာဖြစ်ပါတယ်။ အဆိုပါပုံကို အင်စတာဂရမ်ပေါ်တင်ခဲ့ပြီး “ကျွန်တော့ရဲ့ ဘောလုံးပညာကို အဖေဆီက ရခဲ့တာလို့ ခင်ဗျားတို့က ထင်ကြမှာပဲ ” လို့ရေးသားပြီး သူအမေရဲ့ ဘောလုံး ကျွမ်းကျင်ပိုင်နိုင်မှုကို ပြသခဲ့ပါတယ်။

ပူလီဆစ်အမေက သင်ကြားရေးပရောချက် တစ်ခုကြောင့် ပူလီဆစ် အသက် ၇ နှစ်အရွယ်ကတည်းက အင်္ဂလန်ကို ပြောင်းရွေ့ လာခဲ့တာဖြစ်ပါတယ်။ သူတို့မိသားစု ဟာ အောက်စဖို့စ်နဲ့ ၈ မိုင်ကွာဝေးတဲ့ တက်ကလေ ဆိုတဲ့ ရွာလေးမှာ နေထိုင်တာဖြစ်ပါတယ်။ ပူလီဆစ်က သူကလေးဘဝ အင်္ဂလန်မှာနေထိုင်ပြီး ကျောင်းဆင်းရင် သူငယ်ချင်းတွေနဲ့ ဆော့ကစား နေကြမို့ အင်္ဂလန်က အစိမ်းသက်သက် လိုဖြစ်မနေဘဲ အားလုံးအဆင်ပြေနေတယ်လို့ ပြောပါတယ်။

ပူလီဆစ်ဟာ ဒေါ့မွန်အသင်းမှ ပေါင် ၅၈ သန်းဖြင့် ချဲလ်ဆီးအသင်းကို ပြောင်းရွေ့ လာခဲ့တာဖြစ်ပြီး ဇူလိုင် ၁ ရက်နေ့မှာ ချဲလ်ဆီးအသင်းနှင့် ပူပေါင်းပြီး ရာသီကြိုခရီး ပွဲစဉ်တွေ စတင်ပြုလုပ်မှာဖြစ်ပါတယ်။

 


07 Jun 2019     1,407 Views




RELATED

Most Popular of Football

Most Popular of Sport