BEC-TERO TV

Nations League ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းက ချန်ပီယံဖြစ်ခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံးဆု ရရှိခဲ့သူများ

10 Jun 2019     1,340 Views


မနေ့က Nations League ပြိုင်ပွဲ ပြီးဆုံးသွားခဲ့ပြီး အိမ်ရှင် ပေါ်တူဂီအသင်းက ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒုတိယဆုကို နယ်သာလန်အသင်းက ရရှိခဲ့ပြီး အင်္ဂလန်အသင်းက ဆွစ်ဇာလန်ကို ပင်နတီမှာ အနိုင်ရရှိခဲ့ပြီး တတိယနေရာကို ရရှိခဲ့ပါတယ်။ Nations League ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုတွေ၊ ဂိုးသွင်းဘုရင်ဆုနဲ့ ၊ အကောင်းဆုံး လူငယ်ကစားသမား ဆုတွေကိုလည်း ပေးအပ်ချီးမြှင်ခဲ့ပါတယ်။

ပေါ်တူဂီအသင်းက Nations League   ပြိုင်ပွဲရဲ့ ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့ခြင်းဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားကို ဘာနာဒို ဆေးဗားက ရရှိခဲ့ပြီး ရော်နယ်ဒိုက ဆွစ်ဇာလန်နဲ့ ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ဟက်ထရစ် သွင်းဂိုးနဲ့ ဂိုးသွင်းဘုရင်ဆု ကိုရရှိခဲ့ပါတယ်။ အကောင်းဆုံးလူငယ်ကစားသမား ဆုကို နယ်သာလန် ကွင်းလယ်ကစားသမား ဖရန်ကီ ဒီဂျောင် ရရှိခဲ့ပါတယ်။

ဆီးမီးဖိုင်နယ်မှာ ပေါ်တူဂီအသင်းက ဆွစ်ဇာလန်အသင်းနှင့်တွေဆုံခဲ့ပြီး ပေါ်တူဂီအသင်းက ၃-၀ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ နယ်သာလန်အသင်းက အင်္ဂလန်အသင်းနှင့်တွေ့ ဆုံခဲ့ပြီး မိနစ် ၉၀ အတွင်း ၁-၁ သရေကျခဲ့ပြီး အချိန်ပိုမှာ နယ်သာလန်အသင်းက ၃-၁ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ဖိုင်နယ်မှာ အိမ်ရှင် ပေါ်တူဂီ နှင့် နယ်သာလန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်ပေါ်တူဂီက ၁-၀ ဖြင့်အနိုင်ရရှိခဲ့ပြီး Nations League ချန်ပီယံဖြစ်ခဲ့ပါတယ်။ တတိယနေရာလုပွဲကိုလည်း တစ်ရက်တည်း ကစားခဲ့ပြီး အင်္ဂလန် အသင်းနှင့်  ဆွစ်ဇာလန်အသင်း တို့ယှဉ်ပြိုင်ကစားခဲ့ရာ ပင်နတီမှာ ၆-၅ ဖြင့်အနိုင်ရရှိခဲ့ပြီး အင်္ဂလန် ကတတိယနေရာရရှိခဲ့ခြင်း ဖြစ်ပါတယ်။်

Nations League ပြိုင်ပွဲရဲ့ အကောင်ဆုံးလူစာရင်းကိုလည်း ထုတ်ပြန်ကြေညာခဲ့ပြီး နယ်သာလန်အသင်းမှ ကစားသမားအများစု ပါဝင်ခဲ့ပါတယ်။

ဂိုး - ပစ်ဖို့ဒ်

နောက်တန်း - ဒီလစ် ၊ ဒီယာ ၊ အာကန်ဂျီ ၊ ရာဖေးလ် ၊ အမ်ဘာဘူ

အလယ်တန်း - ဒီရွန် ၊ ဒီဂျောင် ၊ ဘာနာဒို ဆေးဗား

ရှေ့တန်း -ရော်နယ်ဒို ၊ ဒီပေး     

တို့ ဖြစ်ကြပါတယ်။

အင်္ဂလန် 0-0 ဆွစ်ဇာလန် (ပင်နတီ ၆-၅ ) ဟိုက်လိုက်

ပေါ်တူဂီ ၁-၀ နယ်သာလန်  ဟိုက်လိုက်


10 Jun 2019     1,340 Views




RELATED

Most Popular of Football

Most Popular of Sport