BEC-TERO TV

ဒီလစ်ကို ဂျူဗင်တပ်စ်အသင်းမှာ လာကစားဖို့ ရော်နယ်ဒို ကွင်းအတွင်းမှာ ချဉ်းကပ်

10 Jun 2019     1,294 Views


ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ရော်နယ်ဒိုဟာ အေးဂျက်စ်အသင်းကြယ်ပွင့် ဒီလစ်ကို ဂျူဗင်တပ်စ်အသင်းမှာ လာကစားဖို့ အတွက် ချဉ်းကပ်ခဲ့တယ်လို့ သိရပါတယ်။ မနေ့က ကစားခဲ့တဲ့ Nations league ပြိုင်ပွဲအပြီးမှာ ရော်နယ်ဒိုက ဒီလစ် အနားကိုကပ်ပြီး ဂျူဗင်တပ်စ်အသင်းမှာ လာကစားမလားလို့မေးခဲ့တယ်လို့ ဒီလစ်က ဖွင့်ဟပြောကြားခဲ့ပါတယ်။

နယ်သာလန်နောက်ခံလူ ဒီလစ်ကို အသင်းကြီးအများစု ခေါ်ယူချင်နေတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ် ဟာ အေဂျက်စ်အသင်း၏ အသင်းခေါင်းဆောင် တစ်ဦးဖြစ်ပြီး ငယ်ရွယ်ပြီး ထူးချွန်ထက်မြတ် တဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် ရော်နယ်ဒိုက ဂျူဗင်တပ်စ်အသင်းမှာ ကစားစေလိုသောကြောင့် ချဉ်ကပ်ခဲ့ခြင်း ဖြစ်ပါတယ်။

ပြိုင်ပွဲအပြီးမှာ ရော်နယ်ဒိုက ဂျူဗင်တပ်စ်မှာ ကစားဖို့ဖိတ်ခေါ်ခဲ့သလား မေးခွန်းအပေါ်ကို “ဟုတ်ပါတယ်။ အစတော့ အံသြမိသွားတယ် ။ အဲ့ဒီနောက် ကျွန်တော်လည်း ရယ်ပြီး ဘာမှမြန်မပြောခဲ့ပါဘူး ။ အခုချိန်မှာ ပေါ်တူဂီအသင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက်ကြောင့် စိတ်ပျက်နေရပြီး အသင်းပြောင်ဖို့အတွက်ကိုတော့ ခေါင်းအေးအေးထားပြီး စဉ်းစားမှာပါ ” လို့ ဒီလစ်က ဖွင့်ဟပြောကြားခဲ့ပါတယ်။

အေဂျက်စ် နောက်ခံလူ ကြယ်ပွင့်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ် အသင်းများ ဖြစ်တဲ့ ယူနိုက်တက်၊ လီဗာပူး အသင်းတို့ အပါအဝင် ဘာစီလိုနာ၊ ဂျူဗင်တပ်စ် နဲ့ PSG အသင်းတို့က အပြိုင်အဆိုင် ခေါ်ယူချင်နေကြတယ်လို့ သိရပါတယ်။

အဆိုပါ ပွဲမှာ ပေါ်တူဂီအသင်းက နယ်သာလန်အသင်းကို ၁-၀ ဖြင့်အနိုင်ရရှိခဲ့ပြီး Nations League ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။

 


10 Jun 2019     1,294 Views




RELATED

Most Popular of Football

Most Popular of Sport