BEC-TERO TV

ဘောလုံးနဲ့ တစ်ဦးချင်းလိမ်ခေါက်ဖြတ်ကျော်ရာမှာ ဗန်ဒိုက်ကို မကျော်ခဲ့တဲ့အထဲ့မှာ ရော်နယ်ဒို ပါဝင်ခဲ့

11 Jun 2019     1,672 Views


လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက်ဟာ လီဗာပူးလ်ကို ရောက်ရှိပြီးနောက် ခြေစွမ်းပိုင်း အံအခန်းအောင် တိုးတက်လာခဲ့ပြီး ဆုဖလားတွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဆုဖလားကြီးကို ရရှိနိုင်ခဲ့သည့်အပြင် ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးကစားသမား ဆုကိုလည်း ရရှိခဲ့ပါတယ်။

၂၀၁၈-၂၀၁၉ ခုနှစ်ဘောလုံးရာသီမှာ ပြိုင်ဘက်တိုက်စစ်မှူးတွေဟာ နောက်ခံလူ ဗန်ဒိုက်ကို တစ်ဦးချင်း လိမ်ခေါက်ဖြတ်ကျော်နိုင်ခဲ့ခြင်း မရှိဘူးဆိုတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်သွား နိုင်ခဲ့ပါတယ်။ ဗန်ဒိုက်ကို တစ်ဦးချင်း ဖြတ်ကျော်နိုင်ခြင်း မရှိတဲ့ ကစားသမားတွေထဲမှာ စီရော်နယ်ဒိုလည်း ပါဝင်သွားခဲ့ပါတယ်။


 

Nations League ပြိုင်ပွဲမှာ နယ်သာလန်အသင်းက ဖိုင်နယ်အထိရောက်ခဲ့ပြီး ပေါ်တူဂီအသင်းက  ဗိုလ်စွဲခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ဘက်အသင်းတိုက်စစ်မှူး ရော်နယ်ဒိုဟာ ဗန်ဒိုက်ကို ဘောလုံးနဲ့ တစ်ဦးချင်း ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

၂၀၁၈-၂၀၁၉ ခုနှစ်ဘောလုံးရာသီမှာ ဗန်ဒိုက်ဟာ ရော်နယ်ဒို ၊ မက်ဆီ ၊ ဘက်ပေ ၊ နေမာ ၊ ဟာဇတ် ၊ စတာလင်း  စတဲ့  အလိမ်အခေါက် ကျွမ်းကျင်တဲ့ နာမည်ကြီး တိုက်စစ်ကစားသမားတွေနဲ့တွေဆုံခဲ့ပြီး ဆိုပါ ကစားသမားတွေအားလုံးက ဗန်ဒိုက်ကို ဖြတ်ကျော်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ဗန်ဒိုက်ဟာ ၂၀၁၉ ခုနှစ် ဘလွန်းဒီအော် ဆုကို ရရှိဖို့အတွက် ရေပန်းအစားဆုံး စာရင်းမှာ ပါဝင်ခဲ့ပြီး မက်စီ ၊ ရော်နယ်ဒိုတို့လည်း ပါဝင်ခဲ့ပါတယ်။

 


11 Jun 2019     1,672 Views




RELATED

Most Popular of Football

Most Popular of Sport