BEC-TERO TV

ချဲလ်ဆီးအသင်းကို တတိယအကြိမ်မြောက် ပြန်လာတော့ဖို့ရှိနေတဲ့ မော်ရင်ဟို

11 Jun 2019     1,302 Views


မော်ရင်ဟို ချဲလ်ဆီးအသင်းကို တတိယအကြိမ်မြောက် ပြန်လည်ကိုင်တွယ် ဖို့ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ လက်ရှိနည်းပြဆာရီ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွေ့ ဖြစ်ပါက ချဲလ်ဆီးနည်ပြရာထူးအတွက် မော်ရင်ဟိုကို ခေါ်ယူဖို့ စဉ်းစားလာတာဖြစ်တယ်လို့ the sun ကဖော်ပြထားပါတယ်။

မော်ရင်ဟို ၂၀၁၈ ဒီဇင်ဘာက မန်ယူအသင်းနည်ပြရာထူးမှ ထုတ်ပယ်ခံရပြီးနောက် လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်နေပြီး လာမည့်ရာသီမှာ ပရီးမီးယားလိဂ် တစ်သင်းသင်းကို ကိုင်တွယ်ဖို့ရှိတယ်လို့ လည်း မော်ရင်ဟို၏ ရင်နှီးသူတွေ ထံမှသိရပါတယ်။ မော်ရင်ဟိုကို ခေါ်ယူဖို့ နယူးကာဆယ်အသင်းကလည်း စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ချဲလ်ဆီး အသင်းရဲ့ နည်းပြ ဖြစ်သူ ဆာရီဟာ လက်ရှိ အချိန်မှာတော့ အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် အသင်းကို ကိုင်တွယ်ဖို့ အတွက် သဘောတူညီမှု ရရှိပြီး ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဂျူဗင်တပ်စ် အသင်း က ဆာရီကိုခေါ်ယူဖြစ်ပါက ချဲလ်ဆီး အသင်းကို လျော်ကြေး ပေါင် (၅) သန်း ပေးချေရမှာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာတော့ ချဲလ်ဆီး အသင်းဟာ အသင်းရဲ့ နည်းပြသစ် ရာထူး အတွက် ကစားသမားဟောင်း ဖြစ်သူ လမ်းပတ်၊ ဂျူဗင်တပ်စ် အသင်းရဲ့ နည်းပြဟောင်း အယ်လီဂရီ၊ အေဂျက်စ်နည်းပြ တန်ဟက် ၊ ဝုလ်ဗ် အသင်းနည်းပြ နူနိုဆန်တို နဲ့ ဝက်ဖို့ဒ် အသင်း နည်းပြ ဟာဗီဂါစီယာ တို့အပြင် နည်းပြဟောင်းကြီးမော်ရင်ဟိုလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

စပါးရှယ် ဝမ်း လို့ နာမည်ကျော်ခဲ့တဲ့ မ်ာရင်ဟိုဟာ ချဲလ်ဆီးအသင်းကို အသင်းကြီးတစ်သင်းဖြစ်အောင် ပဲ့ကိုင်ရှင်တစ်ဦးဖြစ်ပြီး ချဲလ်ဆီးအသင်းကို နောက်ထပ်တစ်ဖနန် ဆုဖလားတွေ ၊ အောင်မြင်မှုတွေ ရရှိဖို့ တစ်ကျော့ပြန် ရောက်ရှိလာမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။


11 Jun 2019     1,302 Views




RELATED

Most Popular of Football

Most Popular of Sport