BEC-TERO TV

အမျိုးသမီးကမ္ဘာ့ ဖလား ပြိုင်ပွဲ မှာ ထိုင်းအသင်းကို ၁၃ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ လက်ရှိချန်ပီယံ အမေရိကန်

12 Jun 2019     1,319 Views


မနေ့က အမျိုးသမီး ကမ္ဘာ့ ဖလား ပြိုင်ပွဲ အုပ်စု F အဖွင့်ပွဲစဉ်မှာ အမေရိကန် အမျိုးသမီးအသင်းက ထိုင်း အမျိုးသမီး အသင်းကို ၁၃-၀ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ အမေရိကန်အသင်းအတွက် ဂိုးတွေကို အဲလက်စ် မော်ဂန် တစ်ဦးတည်းက ၅ ဂိုးအထိ သွင်းပေးခဲ့ပါတယ်။ အဆိုပါ ပွဲဟာ အမျိုးသမီး ကမ္ဘာ့ ဖလားတစ်လျှောက် ဂိုးအပြတ်ဆုံးပွဲ အဖြစ်လည်း မှတ်တမ်းတင်သွားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ အမျိုးသမီး ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ လက်ရှိ ချန်ပီယံ အမေရိကန်အမျိုးသမီးဘောလုံးအသင်းဟာ အုပ်စု  F မှာ ထိုင်း ၊ ဆွီဒင် ၊ ချီလီ အသင်းတို့နဲ့ကျရောက်နေပြီး  မနေက အုပ်စု ပထမဆုံး ပွဲစဉ်မှာ အာရှအသင်းဖြစ်တဲ့ ထိုင်းအသင်းကို ဂိုးပြတ်အနိုင်ယူခဲ့ခြင်း ဖြစ်ပါတယ်။

အမေရိကန်အသင်းက ပွဲစတာနဲ့ ထိုင်းအသင်းကို တစ်ဖက်သတ် တိုက်စစ်ဆင်ကစားခဲ့ပြီး  ပွဲအစ ၁၂ မိနစ်မှာ မောဂန်က ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ မိနစ် ၂၀ မှာ လာဗယ်လီ ၊ ၃၂ မိနစ်မှာ လင်ဆေး ဟိုရမ် တို့က သွင်းယူပေးခဲ့ပြီး ပထမပိုင်းမှာတင် ၃ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း အမေရိကန်အသင်းက အသားစီးကစားခဲ့ပြီး ၅၀ ၊ ၅၃ ၊ ၅၄ ၊ ၅၆ ၊၇၄ ၊၇၉ ၊၈၁ ၊ ၈၅  ၊ ၈၇ ၊ ၉၀ မိနစ်တို့မှာ အသီးသီး ဂိုးသွင်းယူခဲ့ ကြပါတယ်။ အုပ်စု F ရဲ့ နောက်ထပ်ပွဲစဉ်မှာ ဆွီဒင် အသင်းက ချီလီအသင်းကို ၂-၀ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

အမျိုးသမီး ကမ္ဘာ့ ဖလား သမိုင်းမှာ ၂၀၀၇ ခုနှစ်က ဂျာမနီအသင်းက အာဂျင်တီးနာအသင်းကို ၁၁-၀ ဖြင့် ဂိုးအပြတ်ဆုံးပွဲအဖြစ် မှတ်တမ်းတင်ထားခဲ့တာဖြစ်ပြီး ယခု အမေရိကန်အသင်းက ၁၃-၀ ဖြင်အနိုင်ရရှိခဲ့ပြီးနောက်  အမျိုးသမီး ကမ္ဘာ့ ဖလားပြိုင်ပွဲတစ်လျှောက် ဂိုးအပြတ်ဆုံးပွဲအဖြစ် မှတ်တမ်းတင်သွားခဲ့ခြင်း ဖြစ်ပါတယ်။

 “ကျွန်မတို့အသင်းဟာ တစ်ကယ်နိုင်လိုစိတ်နဲ့ ကစားခဲ့တာကြောင့် ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ နောက်ထပ် ဗိုလ်စွဲနိင်ဖို့အတွက် ကြိုးစားသွားမှာပါ ။” မော်ဂန်က ပြောပါတယ်။အုပ်စုပွဲစဉ် (၁)အပြီး အာရှကိုယ်စားပြုအသင်းများတွင် ဂျပန်အသင်းတစ်သင်းသာ အာဂျင်တီးနားကိုသရေကစားနိုင်ခဲ့ပြီး တောင်ကိုရီးယား၊ သြစတြေးလျ၊ တရုတ်နှင့် ထိုင်းတို့ (၄)သင်းစလုံး ရှုံးပွဲကြုံတွေ့ ခဲ့ရပါတယ်။

အမေရိကန် အမျိုးသမီးအသင်းဟာ အမျိုးသမီးကမ္ဘာ့ ဖလားကို သုံးကြိမ်နဲ့ ပြိုင်ပွဲတစ်လျှောက် ဖလားအများဆုံးရထားဖူးတဲ့အသင်း တစ်သင်းလည်းဖြစ်ပါတယ်။ အမေရိကန် အမျိုးသမီးအသင်းဟာ ကမ္ဘာ့ အမျိုးသမီး ဘောလုံးဖီဖာသတ်မှတ်ချက်အရ Ranking အဆင့် ၁ နေရာမှာလည်း ရပ်တည်နေပြီး ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်အစားဆုံးစာရင်းမှာလည်း ပါဝင်နေပါတယ်။

 


12 Jun 2019     1,319 Views




RELATED

Most Popular of Football

Most Popular of Sport