BEC-TERO TV

မန်ယူအသင်းမှာ ရုံးကန်နေရပေမယ့် နိုင်ငံအသင်းမှာ ခြေစွမ်းပြ ဂိုးတွေသွင်းယူနေတဲ့ လူကာကူ

12 Jun 2019     1,346 Views


ယနေ့မနက်က ယှဉ်ပြိုင်သွားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စုပွဲစဉ်အဆင့်မှာ ဘယ်ဂျီယံအသင်းဟာ စကော့တလန် အသင်းကို ၃-၀ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲမှာ ဘယ်ဂျီယံအသင်းဟာ ဦးဆောင်ဂိုးရရှိဖို့ ရုံးကန်ခဲ့ရပေမယ့် တိုက်စစ်မှူး လူကာကူက သွင်းဂိုး ၂  ဂိုးသွင်းယူပေးပြီး ဒီဘရိုင်းက ၁ ဂိုးသွင်းယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းကောင်းတွေ ပျောက်ဆုံးလို့ ဝေဖန်မှုတွေ ရှိခဲ့တဲ့ လူကာကူဟာ နိုင်ငံအသင်းနဲ့ပွဲမှာ သွင်းဂိုးတွေနဲ့ ခြေစွမ်းပြကစားထားနိုင်ခဲ့ပါတယ်။ စကော့တလန်နဲ့ ပွဲစဉ်မှာ ဒီထက်ပိုပြီး သွင်းဂိုးတွေရသင့်ပေမယ့် အခွင့်အရေးတချို့ကို လွဲချော်ခဲ့ပါတယ်။

မန်ယူ တိုက်စစ်မှူးလူကာကူဟာ မန်ယူအသင်းမှ ထွက်တော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အင်တာမီလန်နည်းပြသစ် ကွန်တီကလည်း လူကာကူကို ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

“ကျွန်တော့က အခုအချိန်ထိ မန်ယူအသင်းနှင့် စာချုပ်သက်တမ်းရှိပါသေးတယ်။ လောလာဆယ်တော့ မိသားစုနဲ့ အားလပ်ရက်မှာ ကောင်းကောင်း အနားယူဦးမှာပါ။ ကျွန်တော့ အေးဂျင့်နဲ့ တိုင်ပင်ပြီး အကောင်းဆုံး ဆုံဖြတ်ချက်ချသွားမှာပါ။ ” လို့ စကော့တလန်နဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

ဘယ်ဂျီယံ တိုက်စစ်မှူး လူကာကူဟာ နိုင်ငံအသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ ၂၁ ပွဲမှာ ၂၅ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး ဘယ်ဂျီယံနည်းပြ မာတီနက်ဇ်က ချီးကျူးမှုတွေပြုလုပ်ခဲ့ပြီး လူကာကူအပေါ်ကို နားလည်းပေးတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဘယ်ဂျီယံအသင်းက ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု I မှာ ရုရှား ၊စကော့တလန်၊ ကာဂျစ်စတန်၊ ဆိုက်ပရက် ၊ ဆမ်မာရီယို စတဲ့အသင်းတွေနဲ့ ကျရောက်နေပြီး ယခုအချိန်မှာ ၄ ပွဲကစားထားပြီး  ၄ ပွဲအနိုင် ၁၂ မှတ်နဲ့ အုပ်စုပထမနေရာမှာ ရပ်တည်နေပါတယ်။

 

 


12 Jun 2019     1,346 Views




RELATED

Most Popular of Football

Most Popular of Sport