BEC-TERO TV

ကလေးမွေးပြီးပြီးခြင်း သုံးလွှာတိုက်ခန်းပေါ်ကနေ လွှင့်ပစ်လိုက်တဲ့မိခင်(ရုပ်သံ)

12 Jun 2019     1,340 Views


အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ကလေးကို အိမ်မှာ ကိုယ့်ဟာကိုယ် တစ်ယောက်ထဲ မီးဖွားခဲ့ပြီးနောက် မိနစ်ပိုင်းအတွင်းမှာပဲ ကလေးကို အနှီးနဲ့ထုတ်ပြီး နေအိမ်ပြတင်းပေါက်ကနေ အောက်ကို လွှင့်ပစ်ချခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က တရုတ်နိုင်ငံမှာ ဟန်နန်စီရင်စုက ချန်ရှားမြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လက်မထပ်ရသေးပဲနဲ့ ကိုယ်ဝန်ရလာတာကြောင့် ကလေးမွေးပြီးပြီးချင်းမှာ ချက်ကြိုးဖြတ်ပြီး လွှင့်ပစ်လိုက်တာပါ။ ကံကောင်းထောက်မစွာနဲ့ ကလေးဟာ မြေပြင်ပေါ်တိုက်ရိုက်မကျပဲ အဖီပေါ်တင်နေပြီး အသက်ရှင်ခဲ့ပါတယ်။
 
အိမ်နီးချင်းတွေက ကလေးငိုသံလေး သဲ့သဲ့ကြားပေမယ့် ကြောင်အော်သံလိုထင်ပြီး မည်သူမျှ မစူးစမ်းပဲ နာရီဝက်လောက် နေခဲ့ကြပါတယ်။ မနေနိုင်တော့တဲ့ အိမ်နီးချင်းတစ်ယောက်က ထကြည့်တော့မှ ကလေးလေးဖြစ်နေတာကို တွေ့ရပြီး အိမ်ပေါ်ကနေ ကမန်းကတန်းဆင်းကာ လှေကားငှားပြီး အဖီမိုးလေးပေါ်တက်ကာ ကလေးကို အမြန်ချီမယူခဲ့ပါတယ်။
 
 
အဲဒီနောက် နီးစပ်ရာဆေးခန်းကို သွားပြခဲ့ရာမှာ ကလေးက ဘာဒဏ်ရာမှ ကြီးကြီးမားမားမရပဲ ပုံမှန်အတိုင်း အသက်ရှင်တာကို တွေ့ရပါတယ်။ ရဲတွေက ကလေးရဲ့မိခင်ကို ဖမ်းဆီးခဲ့ပါတယ်။
 
 
ကလေးကို ကိုယ်တိုင်ကယ်တင်ခဲ့တဲ့ အမျိုးသမီးကြီးကို မီဒီယာက အင်တာဗျူးရာမှာ “ကလေးက သွေးသံရဲရဲဖြစ်နေတယ်။ ဆေးခန်းရောက်တော့ ကျွန်မလက်မှာလဲ သွေးတွေပေကျံနေတယ်။ 
 
ဆရာဝန်က အကယ်၍ ကလေးရဲ့ သွေးမှာ HIV ဗိုင်းရပ်တွေသာရှိနေခဲ့ရင် ကူးခံရမှာ မကြောက်ဘူးလားလို့ မေးပါတယ်။ ဒါပေမယ့် အဲဒီအချိန်က ကျွန်မရဲ့စိတ်ထဲမှာ ကလေးလေးအသက်ရှင်ပါ့မလားဆိုတဲ့ စိတ်ပဲရှိပြီး သူ့ကိုကယ်နိုင်ဖို့ ပိုအရေးကြီးတယ်လို့ မှတ်ယူထားပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။ ကလေးရဲ့ မိခင်ကိုတော့ ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

 


12 Jun 2019     1,340 Views




RELATED

Most Popular of Special or Others

Most Popular of NEWS