BEC-TERO TV

ဘေဘီ.. မင်းကိုယ့်ကို လိမ်ရတာ ပျော်ရဲ့လား..? ပျော်ပါစေ.. ဆိုတဲ့ လူငယ်

13 Jun 2019     11,205 Views


လူမှုကွန်ယက် ဆိုရှယ်မီဒီယာမှာ ပန်းစည်းလေးကိုင်ပြီး မျက်ရည်စက်လက်နဲ့ အားတင်းပြုံးနေတဲ့ လူငယ်တစ်ယောက်ရဲ့ ဓါတ်ပုံတွေက လက်တလောမှာ ပျံ့နှံ့နေပြီး ဝေဖန်မှတ်ချက်ပြုသူတွေလည်း များပြားနေပါတယ်။ 
ပုံတွေကို ရုတ်တရက်ကြည့်လိုက်ရင် ဘာမှလဲ မဟုတ်ပါဘူး လို့ ထင်ရပေမယ့် ဓါတ်ပုံတွေကို သေသေချာချာကြည့်မယ်ဆိုရင်တော့ ကြေကွဲစရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို မြင်ကြရမှာပါ။
 
 
‘Ken Won’ ဆိုတဲ့ လူငယ်က သူ့ရဲ့တွစ်တာအကောင့်မှာ ဇွန်လ ၃ ရက်နေ့က တင်ထားခဲ့တဲ့ ပုံတွေဖြစ်ပါတယ်။ အပေါ်ဆုံးမှာတော့ “ဒီနေ့က ကျွန်တော့်ချစ်သူရဲ့မွေးနေ့လေ၊ ဒီတော့ သူ့ကို အံသြသွားအောင် surprise လုပ်ဖို့ ကြံစည်ထားတယ်။ ဒါပေမယ့် အခုလိုမြင်ကွင်းမျိုး မြင်ရလိမ့်မယ်လို့ မမျှော်လင့်မိခဲ့ဘူးဗျာ” လို့ ရေးသားပြီး ဓါတ်ပုံတွေတင်ထားခဲ့ပါတယ်။
 
 
ဓါတ်ပုံကိုသေချာကြည့်မယ်ဆိုရင် ချစ်သူမွေးနေ့အတွက် ပန်းစည်းပေးဖို့ ကိုင်ထားတဲ့ လူငယ်ရဲ့နောက်မှာ စုံတွဲတစ်တွဲ တင်းတင်းကြပ်ကြပ် ဖက်နေကြတာကို တွေ့ရပါလိမ့်မယ်။ ကောင်မလေးက ကောင်လေးရဲ့ ကိုယ်ပေါ်ကို ခွတက်ပြီး ဖက်ထားတဲ့ထိကို သူတို့နှစ်ဦး ကားပါကင်ထဲမှာ မိုးမမြင်လေမမြင်ဖြစ်နေကြတာပါ။
 
 
ပန်းစည်းကိုင်ထားတဲ့ လူငယ်ကတော့ လွင့်ကျလာတဲ့ မျက်ရည်စတွေကို ထိန်းရင်း သူကိုယ်သူမနည်းပြန်လည် တည်ဆောက်ပြီး ချစ်သူပျော်ရင် ကျေနပ်ပါတယ်လေဆိုတဲ့ အပြုံးမျိုးနဲ့ အားတင်းပြုံးနေတာကို တွေ့ပါတယ်။
 
 
သူ့ရဲ့ချစ်သူကောင်မလေးက သူ့နောက်ကွယ်မှာ သစ္စာပျက်နေတာလား၊ ဒါမှမဟုတ် သူကြိုက်နေတဲ့ ကောင်မလေးရဲ့ မွေးနေ့မှာ စပရိုက်စ်လုပ်ပြီး ပန်းစည်းပေးကာ ချစ်ခွင့်ပန်ဖို့ စီစဉ်ထားတဲ့အခိုက်အတန့် အဲဒီကောင်မလေးမှာ ချစ်သူရည်းစားရှိနေတာကို မမျှော်လင့်ပဲ တွေ့သွားတာလားဆိုတဲ့ အဖြစ်မှန်ကိုတော့ သေချာမသိရပေမယ့် ကိုယ့်အတွေးနဲ့ကိုယ် ထင်ကြေးပေးနိုင်ကြပါတယ်။ 
သေချာတာကတော့ လူငယ်လေး အသည်းကွဲသွားတယ် ဆိုတာပါပဲ။ ချစ်သူတိုင်း နီးစပ်နိုင်ကြပါစေ..။

13 Jun 2019     11,205 Views




RELATED

Most Popular of Special or Others

Most Popular of NEWS