BEC-TERO TV

အရက်မူးလွန်ကာ သော့တွဲကို အမြည်းမှတ်ပြီး ဘီယာနဲ့မျှောချလိုက်မိသူ

13 Jun 2019     1,444 Views


တစ်ပတ်လုံး အလုပ်တွေကြားမှာ ခေါင်းစိုက်နေရတဲ့ အမျိုးသားတွေအတွက် သောကြာနေ့ရောက်ပြီဆိုရင် အပျော်ဆုံးပါပဲ။ ညနေစောင်းလေူမှာ ဘော်ဒါ အပေါင်းအသင်းတွေနဲ့ ချိန်းပြီး ပင်ပန်းနွမ်းနယ်မှုတွေကို ရစ်ရွှေရည်လေးနဲ့ အနားယူတတ်ကြပါတယ်။ 
 
ဒါပေမယ့် ရေချိန်ကျော်ပြီး အမူးလွန်သွားပြီဆိုရင်တော့ ပြသနာ တစ်ခုမဟုတ်တစ်ခုကတော့ တတ်စမြဲပါပဲ။  
 
တရုတ်နိုင်ငံ ဂွမ်ဒေါင်းစီရင်စုက အသက် ၂၆ နှစ်အရွယ်လူငယ်ဟာ ဇွန်လ ၇ ရက်နေ့ ညနေပိုင်းက အပေါင်းအသင်းတွေနဲ့ သောက်စားရင်း အလွန်အကျွံမူးပြီးမှ အိမ်ကိုပြန်သွားခဲ့ပါတယ်။ အိမ်ရောက်တဲ့အခါ တံခါးဖွင့်ဖို့ သော့ရှာတာ ဘယ်မှာမှ ရှာမရတာနဲ့ အိမ်သားတွေနှိုးကာ တံခါးခေါက်ပြီးမှ အိမ်ထဲဝင်ခဲ့ရပါတယ်။
 
အရမ်းမူးနေတဲ့အတွက် အိမ်ရောက်ရောက်ခြင်းပဲ အိပ်ယာပေါ်ပစ်လှဲချပြီး အိပ်ပျော်သွားခဲ့ပါတယ်။ နောက်တစ်နေ့ မနက်မှာတော့ သူ့ရဲ့ရင်ဘတ်ထဲကနေ စူးပြီးနာတဲ့ ဝေဒနာနဲ့အတူ နိုးလာခဲ့ပါတယ်။ မခံမရပ်နိုင်အောင် နာလာတဲ့အတွက် ဒေါင်ဂွမ်းဆေးရုံကြီးကို အမြန်သွားပြီး စစ်ဆေးခဲ့ပါတယ်။ ဆရာဝန်တွေက သူ့ရဲ့ ရင်ဘတ်ပိုင်းကို ဓါတ်မှန်ရိုက်ကြည့်တဲ့အခါ သူ့ရဲ့ရင်ဘတ်ထဲမှာ သော့တွဲတစ်တွဲ ရှိနေတာကို အံ့သြစွာတွေ့ခဲ့ရပါတယ်။ ဒီသော့တွဲက ပျောက်ဆုံးနေတဲ့ သူ့ရဲ့ အိမ်သော့တွဲဖြစ်ပါတယ်။
 
 
ဒီသော့တွဲ သူ့ခန္ဓာကိုယ်ထဲ ဘယ်လိုရောက်နေလဲဆိုတာ သူကိုယ်တိုင် မနေ့ညက အဖြစ်ပျက်တွေကို ပြန်စဉ်းစားလို့မရတော့ပါဘူး။ ဖြစ်နိုင်တာက အမူးလွန်နေတုန်း သော့တွဲကို အမြည်းထင်ပြီး မျိုချလိုက်မိတာ ဖြစ်နိုင်ပါတယ်။ 
 
 
ဆရာဝန်တွေက ဒီသော့တွဲကို ဘေးကင်းကင်းနဲ့ ဘယ်လိုပြန်ထုတ်ရမလဲဆိုတဲ့ နည်းလမ်းကို အချင်းခြင်း ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ သူတို့က သော့တွဲကို အတင်းပြန်ဆွဲ ထုတ်လိုက်ရင် ကိုယ်တွင်းအင်္ဂါတွေ ပြတ်ရှထိခိုက်ကုန်မှာကို စိုးရိမ်တာပါ။
 
 
နောက်ဆုံးမှာတော့ အထူးကျွမ်းကျင်တဲ့ ဆရာဝန်တွေက အဏုကြည့်မှန်ပြောင်း အသုံးပြုပြီး သူ့ရဲ့ လည်ချောင်းပြွန်ထဲကနေတစ်ဆင့် အချိန်ယူကာ ဖြည်းဖြည်းခြင်း ခက်ခက်ခဲခဲ ပြန်လည်ဆွဲထုတ်ယူနိုင်ခဲ့ပါတယ်။
 
လက်ရှိမှာတော့ အခြေနေအားလုံး ပုံမှန်ပြန်ဖြစ်ပြီး သက်သာလာပြီလို့ သိရပါတယ်။ သေချာတာကတော့ အခုအဖြစ်ပျက်ကြောင့် နောက်တစ်ခါ ရေချိန်လွန်အောင် သောက်ဖြစ်တော့မှာ မဟုတ်ပါဘူး။

 


13 Jun 2019     1,444 Views




RELATED

Most Popular of Special or Others

Most Popular of NEWS