BEC-TERO TV

ဟောလိဝုဒ်မှာ ဒေါ်လာသန်းချီအိမ်ကြီးတစ်လုံး ဝယ်ယူလိုက်တဲ့ ကင်မ်ထယ်ဟီးနဲ့ Rain

13 Jun 2019     1,311 Views


တောင်ကိုးရီးယား နာမည်ကျော်တော့ပ်စတားစုံတွဲ Rain နဲ့ ကင်မ်ထယ်ဟီးတို့ဟာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဟောလိဝုဒ်အနီးအနားမှာ ဒေါ်လာသန်းချီတန်တဲ့ အိမ်ကြီးတစ်လုံးကို ဝယ်ယူလိုက်ပါပြီ။ တော့ပ်စတားစုံတွဲအနေနဲ့ ဟောလိဝုဒ်မှာ ဒီလိုအိမ်ကြီးတစ်လုံးဝယ်ယူတာဟာ သူတို့နှစ်ဦးရဲ့ သရုပ်ဆောင်ချဲ့ထွင်ရန် အလို့ငှာ ပရိတ်သတ်အများက ထင်မှတ်ခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး ကင်မ်ထယ်ဟီးရဲ့ အေဂျင်စီ BS Company က သတင်းအမှားကို မယုံကြဖို့ ထုတ်ပြန်ကြေညာလာပါတယ်။ Rain နဲ့ ကင်မ်ထင်ဟီးတို့ ကယ်လီဖိုးနီးယားမှာ ဒေါ်လာသန်းချီအိမ်ကြီး ဝယ်ယူဖြစ်တဲ့ အကြောင်းအရင်းက ဘာဖြစ်မလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

ဇွန်လ ၁၃ ရက်နေ့ Newsen သတင်းမီဒီယာမှ သရုပ်ဆောင်ကင်မ်ထယ်ဟီးဟာ ဒေါ်လာ ၂ သန်းတန်တဲ့ အိမ်ကြီးတစ်လုံး လော့စ်အိန်ဂျလိစ်မြို့တော်အနီးအနားမှာ ဝယ်ယူခဲ့ကြောင်း သတင်းထုတ်ပြန်လာပါတယ်။ အဆိုပါ သတင်းအရ ကင်မ်ထယ်ဟီးတစ်ယောက် သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဟောလိဝုဒ်ကို တက်လှမ်းတော့မလားဆိုပြီး ပရိတ်သတ်တွေ ကြားမှာ အနည်းငယ် ဂယက်ရိုက်သွားခဲ့ပါတယ်။

ကင်မ်ထယ်ဟီးရဲ့ အေဂျင်စီ BS company က ဒီကိစ္စနဲ့ စပ်လျဉ်းပြီး ဖြေရှင်းချက်ထုတ်ပြန်လာပါတယ်။ “ကျွန်တော်တို့ ကုမ္ပဏီမှ သရုပ်ဆောင်ကင်မ်ထယ်ဟီးဟာ လော့စ်အိန်ဂျလိစ် အနီးအနား Irvine မှာ ဒေါ်လာ(၂) သန်းတန်တဲ့ အိမ်တစ်လုံးဝယ်ယူခဲ့တယ်ဆိုတာတော့အမှန်ပါပဲ။ ဟောလိဝုဒ် ရုပ်ရှင်လောကထဲ ဝင်မဝင်ဆိုတာ ကျွန်တော်တို့အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။ ဒါကြောင့်သတင်းအမှားတွေကို မယုံကြဖို့ တောင်းဆိုပါရစေ။” ဆိုပြီး ပြောကြားလာပါတယ်။

ကင်မ်ထယ်ဟီးရဲ့ ခင်ပွန်းဖြစ်သူ သရုပ်ဆောင်၊ အဆိုတော် Rain ကတော့ ၂၀၀၉ ခုနှစ်မှာ ဟောလိဝုဒ်လောကကို Ninja Assassin ရုပ်ရှင်ကားနဲ့ ထိုးဖောက် ဝင်ရောက်ခဲ့ပြီဖြစ်ပြီး ပရိတ်သတ်လက်ခံမှုကို အပြည့်အဝ ရရှိထားပြီပဲဖြစ်ပါတယ်။ ဇနီးသည် ကင်မ်ထယ်ဟီးအနေနဲ့ ခင်ပွန်းနည်းတူ ဟောလိဝုဒ်အနုပညာလောကကို ဝင်ရောက်ဖို့ အစီအစဉ်ရှိမရှိဆိုတာ ပရိတ်သတ်အများက သိချင်နေကြပါပြီ။

ကင်မ်ထယ်ဟီးနဲ့ Rain ဟာ မေလ ၂၉ ရက်မှာ အမေရိကသို့ထွက်ခွာခဲ့ကြတာဖြစ်ပြီး လက်ရှိမှာ ကင်မ်ထယ်ဟီးဟာ သူတို့နှစ်ယောက်ရဲ့ ဒုတိယရင်သွေးလေးကို လွယ်ထားရတာပဲဖြစ်ပါတယ်။ ဒုတိယမြောက် ရင်သွေးလေးကို လာမယ့် စက်တင်ဘာလအတွင်းမှာဖွားမြင်တော့မည်ဖြစ်ကြောင်း သိရှိရပါတယ်။ နောက်သုံးလနေရင် လူ့လောကထဲကို ဝင်ရောက်လာတော့မယ့် ကင်မ်ထယ်ဟီးနဲ့ Rain တို့ရဲ့ ဘေဘီလေးကို ပိုပိုလေးနဲ့အတူ ကြိုဆိုလိုက်ကြရအောင်လား ပရိတ်သတ်ကြီးရေ။

(ပိုပိုလေး)

 

 


13 Jun 2019     1,311 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS