BEC-TERO TV

ဘာစီလိုနာကို စွန့်ခွာဖို့မရှိဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆန်လိုက်တဲ့ မက်စီ

14 Jun 2019     1,336 Views


ဘောလုံးလောကရဲ့ဂြိုလ်သားလို့ တောင် သတ်မှတ်ခြင်းခံထားရတဲ့ လီယွန်နယ်မက်စီဟာ ဘာစီလိုနာကနေ ဘယ်တော့မှ ထွက်ခွာသွားဖို့မရှိဘူးလို့ အတိအလင်း ပြောကြားလိုက်ပါတယ်။

မက်စီဟာ ဘာစီလိုနာအသင်းနဲ့အတူ အောင်မြင်မှုတော်တော်များများရရှိခဲ့သူတစ်ဦးဖြစ်ပြီး သူများနဲ့မတူတဲ့ ဘောလုံးစွမ်းရည်တွေကို ပိုင်ဆိုင်ထားတဲ့ မှော်ဝင်ခြေစွမ်းတွေကို ပိုင်ဆိုင်ထားသူပါ။ ဘာစီလိုနာအကယ်ဒမီကနေ မွေးထုတ်ထားတဲ့ လီယွန်နယ် မက်စီဟာ အခြားအသင်းကို ပြောင်းရွေ့ မကစားခဲ့ပေမယ့် အကောင်းဆုံးဆိုတာကိုတော့ မေးခွန်းထုတ်စရာ မလိုပါဘူး။

လီယွန်နယ် မက်စီကို မနှစ်က လာလီဂါဖလားကလွဲရင် အဓိက ဆုဖလားတွေကို လက်လွတ်ခဲ့ရတာကြောင့် သူအနေနဲ့ ဘာစီလိုနာအသင်းကနေ စွန့်ခွာချင်နေပြီးလားဆိုတဲ့ မေးခွန်းအပေါ်  “ No ပါ ။ ကျွန်တော် ဘယ်တော့မှ ဘာစီလိုနာကို စွန့်ခွာမှာ မဟုတ်ပါဘူး ။ ဘာစီလိုနာအသင်းက ကမ္ဘာ့ အကြီးအကျယ်ဆုံးအသင်း တစ်သင်းပါ ။ ဒီမှာ ဆုဖလားတွေ အားလုံးကိုလည်း ရနိုင်ခဲ့ပြီးဖြစ်သလို့ ဒီထက်ပိုတဲ့ ဆုဖလားတွေကို ရယူပေးဖို့ ဆန္ဒရှိနေဆဲပါ။နိုင်ငံအသင်းကိုလည်း အောင်မြင်မှုတွေရဖို့ ဆန္ဒပြင်းပြ နေပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

မက်စီဟာ ဘာစီလိုနာအသင်းမှာ ၁၄ နှစ်တိုင် ပြိုင်ပွဲစုံ ၆၈၆ ပွဲပါဝင်ကစားထားခဲ့ပြီး ၆၀၂ဂိုးထိသွင်းယူထားနိုင်ခဲ့ပြီး လာလီဂါဆုဖလား ၁၀ ကြိမ် ၊ချန်ပီယံလိဂ် ဆုဖလား၊ ဘလွန်းဒီအော် ဆုကို ၅ ကြိမ်အထိရရှိဖူးတဲ့ ၂၁ ရာစုရဲ့ အကောင်းဆုံးသော ကစားသမား တစ်ဦးဖြစ်ပါတယ်။

ဒါပေမယ့် သူမှာ နာကျင်စရာတွေရှိနေခဲ့ပါတယ်။ သူဟာ ကမ္ဘာ့ ပေါ်မှာ အကောင်းဆုံးဆိုတာကို အားလုံးက ချွန်းချက်မရှိလက်ခံထားကြပေမယ့် နိုင်ငံအသင်းနဲ့အတူ အောင်မြင်မှု တစ်စုံတစ်ရာ ရယူမပေးနိုင်ခဲ့လို့ပါ။ မက်စီဟာ ယခု နိုင်ငံအသင်းမှာ အာဂျင်တီနားအသင်းနဲ့အတူ ပူးပေါင်းနေပြီး နိုင်ငံအသင်းအတွက် ကိုပါအမေရိကပြိုင်ပွဲမှာ အောင်မြင်မှု ပေးနိုင်ဖို့မျှော်လင့်နေတယ် လို့ သိရပါတယ်။


14 Jun 2019     1,336 Views




RELATED

Most Popular of Football

Most Popular of Sport