BEC-TERO TV

ဖုန်းအားသွင်းရာမှ ဓါတ်လိုက်ပြီး နာမည်ကြီး ပိုကာ(ဖဲ)ဘုရင်မ သေဆုံး

14 Jun 2019     2,434 Views


ပိုကာ(ဖဲ)ကစားရာမှာ ဘုရင်မတစ်ဆူဖြစ်သလို လှပတဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ စွဲဆောင်မှုအပြည့်ရှိသူဖြစ်တာကြောင့် အောင်မြင်ကျော်ကြားနေတဲ့ ရုရှား ပိုကာမယ်ဟာ သူမရဲ့နေအိမ်မှာ ဖုန်းအားသွင်းရင်း ဓါတ်လိုက်သေဆုံးခဲ့ပါတယ်။
 
 
အသက် ၂၆ နှစ်အရွယ် “Liliya Novikova” ဟာ ရုရှားနိုင်ငံထိပ်တန်းတက္ကသိုလ်တစ်ခုမှ အင်ဂျင်နီယာဘွဲ့ကို ထူးချွန်စွာအောင်မြင်ထားသူဖြစ်ပြီး နံပါတ်(ကိန်ဂဏန်း)တွေနဲ့ ပက်သက်ရင် ပါရမီထူးသူဖြစ်ပါတယ်။ ဒေသခံစက်ရုံ ကုမ္ပဏီကြီးတွေက လစာကောင်းကောင်းပေးပြီး အလုပ်ခန့်ဖို့ ကမ်းလှမ်းခံခဲ့ရပေမယ့် သူမကတော့ ပရော်ဖက်ရှင်နယ် ဖဲကစားသမားတစ်ယောက် အဖြစ်ကိုသာ ရွေးချယ်ခဲ့ပါတယ်။
 
 
ဖဲကစားရာမှ အွန်လိုင်းပေါ်မှာရော အပြင်လက်တွေ့မှာပါ ကျွမ်းကျင်သူဖြစ်ပြီး သူမကိုယ်ပိုင် အွန်လိုင်း ပိုကာဝိုင်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ နာမည်ကြီး အွန်လိုင်း PokerStars နဲ့လည်း စာချုပ်ချုပ် အလုပ်လုပ်ကိုင်နေသလို အခုမှစပြီး ဖဲကစားကမယ့်သူတွေအတွက်လည်း အွန်လိုင်းကနေ သင်ပေးတဲ့ ကိုယ်ပိုင် သင်တန်းတွေလည်း ပို့ချနေတဲ့သူဖြစ်ပါတယ်။
ရုရှားနိုင်ငံရဲ့ အချောဆုံး အလှဆုံး ဖဲမင်းသမီးအဖြစ်လည်း အသိမှတ်ပြုခံခဲ့ရသူဖြစ်ပါတယ်။
 
 
ပြီးခဲ့တဲ့ ရက်ပိုင်းက “Liliya Novikova” ရဲ့ မိဘတွေက သူမကိုဖုန်းဆက်တဲ့အခါ ဖုန်းလုံးဝမကိုင်တာကြောင့် စိတ်ပူပြီး အိမ်နီးနားခြင်းတွေကို ဆက်သွယ်ပြီး အကူညီတောင်း သွားကြည့်ခိုင်းခဲ့ရာ သူမရဲ့ နေအိမ်ရှိ ရေချိုးခန်းထဲမှာ သေဆုံးနေတာကို တွေ့ခဲ့ကြရပါတယ်။
 
 
စုံစမ်းစစ်ဆေးရေးအရာရှိတွေ အလောင်းကို စစ်ဆေးပြီးနောက်မှာတော့ သူမဟာ ဓါတ်လိုက်ပြီး သေဆုံးခဲ့တာဖြစ်ကြောင်း အတည်ပြု စာရင်းသွင်းခဲ့ပါတယ်။ သူမဟာ ရေချိုးခန်းအတွင်း ဖုန်းအားသွင်းရင်း အသုံးပြုနေစဉ် ဓါတ်လိုက်ပြီး သူမရဲ့ ဦးခေါင်းပွင့်ကာ သေဆုံးခဲ့တာဖြစ်တယ်လို့ မီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။
 
 

14 Jun 2019     2,434 Views




RELATED

Most Popular of International News

Most Popular of NEWS